တနေ့တခြား ပိုထူးခြားပြီး လှလာတဲ့ ကောင်မလေးတွေကို သင်မြင်ဖူးမှာပါ။ ဒီထဲမှာ သင်ကိုယ်တိုင်လည်း ပါဝင်နေနိုင်ပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်ပြီး သင့်ကိုယ်သင် အာရုံစိုက်ပေးမယ်ဆိုရင် ပိုလှလာမှာ မလွဲမသွေပါပဲ။ သင့်ကိုယ်သင် ဂရုစိုက်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။

၁။ အစားအသောက်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပိုစားသောက်သင့်ပါတယ်။ အသီးအရွက်၊ အစေ့အဆံတွေကို ပိုစားပေးပြီးနောက် အဆီများတာကိုတော့ တဖြည်းဖြည်း လျှော့ချယူရပါမယ်။ ည ၇ နာရီနောက်ပိုင်း ဘာမှ မစားဘဲ နေပေးသင့်ပါတယ်။ သရေစာ စားတဲ့အခါလည်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ရွေးချယ်သင့်ပါတယ်။ Green Tea သောက်ပေးပြီး ကော်ဖီသောက်တာကို လျှော့ပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်း

လုံးဝ ပြောင်းလဲသွားစေဖို့ လေ့ကျင့်ခန်းကတော့ မဖြစ်မနေ လုပ်ပေးရပါမယ်။ တစ်ပတ်မှာ အနည်းဆုံး လေ့ကျင့်ခန်း ၄ ခါ လုပ်ပေးရပါမယ်။ အဆီတွေ လောင်ကျွမ်းဖို့ Cardio လုပ်ပေးသင့်ပြီး အလေးမတာ၊ Strenght Training တွေကိုပါ တွဲလုပ်သင့်ပါတယ်။

၃။ Skin Care

Skin Care အနေနဲ့တော့ ထပ်လုပ်ပေးသင့်တဲ့ အရာတွေ ရှိပါတယ်။ ဒါတွေကတော့ တစ်နေ့မှာ မျက်နှာကို နှစ်ခါ ပုံမှန် သန့်စင်ပေးရပါမယ်။ Mask ကိုလည်း တစ်ပတ်မှာ နှစ်ခါ လောက် ကပ်ပေးသင့်ပါတယ်။ မျက်နှာကို တစ်ပတ်မှာ အနည်းဆုံး ၁ ခါလောက်
Exfoliate လုပ်ပေးသင့်ပါတယ်။ ညိုနေတဲ့နေရာပေါ် Vaseline လိမ်းပေးနိုင်ပါတယ်။ အသားအရေ ကောင်းဖို့ ခေါင်းအုံးစွပ်ကို နှစ်ရက်ခြား တစ်ခါလောက် လဲပေးသင့်ပါတယ်။

၄။ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက်

သင့်အမွှေးအမျှင်တွေကို တစ်ပတ်မှာ သုံးခါလောက် စစ်ဆေးပြီး ရိတ်စရာ ရှိတာ ရိတ်သင့်ပါတယ်။ တစ်ပတ်မှာ တစ်ခါကနေ ၂ ခါ Scrub တိုက်ပေးဖို့ လိုပါတယ်။

၅။ လုံးဝပြောင်းလဲသွားဖို့

သင့်ပုံစံ လုံးဝ ပြောင်းလဲပြီး လှသွားဖို့ ခန္ဓာကိုယ် အနံ့ကိုပါ ဂရုစိုက်ဖို့ လိုပါတယ်။ Lotion ကို ပုံမှန်လူးပေးသင့်ပြီး ချွေးနံ့ ထွက်တတ်သူဆိုရင် Deodorant သုံးသင့်ပါတယ်။ ရေမွှေးနံ့ကိုလည်း သင်မကြိုက်ရင် ပြောင်းလဲတာမျိုး လုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar