အခုနောက်ပိုင်းမှာတော့ ကောင်မလေးတွေကြားမှာ ဂျင်းစကပ်လေးတွေဝတ်တာက အရမ်းကိုခေတ်စားလာတာ တွေ့ရပါတယ်။ ဒီလိုခေတ်စားလာတဲ့ ဂျင်းစကပ်လေးတွေကို သူများထက်ပိုပြီးချစ်စရာကောင်းအောင် ဘယ်လိုဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ဂျင်းစကပ်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ဖက်ရှင်မျိုး ဝတ်ချင်တယ်ဆိုရင်တော့ Tee လေးတွေနဲ့ တွဲဝတ်လိုက်ပါ။ Tee ပြောင်လေးတွေလည်းရှိသလို၊ အစင်းလေးတွေနဲ့ Stickers Tee လေးတွေလည်း အများကြီးရှိပါတယ်။ ဒီဖက်ရှင်ကတော့ သင့်အတွက် ဝတ်ရတာသက်တောင့်သက်သာရှိပြီး အရမ်းကိုအဆင်ပြေစေမှာပါ။ ဒါကကိုရီးယားမလေးတွေ တော်တော်များများဝတ်တဲ့ ဖက်ရှင်လေးဆိုလည်း မမှားပါဘူး။

ဂျင်းစကပ်လေးတွေကို အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ Shoulder Off ကိုယ်ကြပ်လေးတွေနဲ့လည်း တွဲဝတ်ရင် အရမ်းဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဂျင်းစကပ်တွေဝတ်တဲ့အခါမှာတော့ ဖိနပ်ကိုရွေးချယ်တဲ့အခါမှာ Sneakers လေးတွေကို ရွေးချယ်တာ အလိုက်ဖက်ဆုံးပါပဲ။

ဂျင်းစကပ်ကို ဆွယ်တာအင်္ကျီလှလေးတွေ၊ အင်္ကျီလက်ရှည်ပွပွလေးတွေ၊ Hoodie လေးတွေနဲ့ တွဲဝတ်ရင်လည်း ကိုရီးယားမလေးတွေလို ချစ်စရာကောင်းနေမှာပါ။ ဒီဖက်ရှင်လေးကတော့ နွေရာသီနဲ့မလိုက်ဖက်ပေမယ့်လည်း မိုးရာသီနဲ့ ဆောင်းရာသီအတွက်တော့ အရမ်းလိုက်ဖက်တဲ့ဖက်ရှင်လေးတစ်ခုပါ။

ရိုးရိုးလေးနဲ့ချစ်စရာကောင်းချင်ရင်တော့ ဂျင်းစကပ်လေးတွေကို Shirt အင်္ကျီလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်စေသလို ရိုးရိုးလေးနဲ့ချစ်ဖို့လည်း ကောင်းပါတယ်။

နောက်ဆုံးတစ်ခုကတော့ ဂျင်းစကပ်လေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့တွဲဝတ်ပြီး ခပ်မိုက်မိုက်ပုံစံလေး ရှိုးထုတ်လို့ရပါသေးတယ်။ ဒီဖက်ရှင်ကတော့ နွေရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ ကျန်တဲ့ရာသီတွေမှာဆိုရင်တော့ အပေါ်ထပ်လေးတွေ ထပ်ဝတ်မှအဆင်ပြေမှာပါ။

Photo Source: Pinterest