ကြိုးစားတည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုကို ဘယ်သူမှအလွယ်တကူ မပျက်စီးချင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမတတ်သာလို့ လမ်းခွဲကြတဲ့အခါ ရရှိလာတဲ့စိတ်ဖိအားတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ရင်ဆိုင်သွားမလဲ။ ဒါဟာလွယ်မလိုနဲ့ခက်ပါတယ်။

မေးခွန်းတွေကိုအပြုံးနဲ့တုံ့ပြန်ပါ

ပတ်ဝန်းကျင်က စပ်စုလာတဲ့မေးခွန်းတွေ၊ မျက်လုံးတွေ၊ တီးတိုးစကားသံတွေဟာ အချစ်ကြောင့်ဒဏ်ရာရနေသူတွေအတွက် ကြီးမားတဲ့ ဖိအားတွေပါပဲ။ ဒီဖိအားတွေနဲ့ကြုံလာပြီဆိုရင် ပြုံးပြုံးလေးသာတုံ့ပြန်လိုက်ပါ။

အရာအားလုံးအတွက် ကိုယ့်ကိုကိုယ်ခွင့်ပြုလိုက်ပါ

လူလွတ်တစ်ယောက်ဖြစ်သွားတဲ့အတွက် သင့်ကိုထိန်းချုပ်မယ့်သူမရှိတော့ပါဘူး။ ကိုယ့်အချိန်တွေ၊ ကိုယ့်အတွေးတွေကို ကိုယ်ပဲပိုင်နေပါပြီ။ ယခင်ကမလုပ်ခဲ့ရတဲ့ စိတ်ကျေနပ်ဖွယ်အလုပ်တွေကို စိတ်တိုင်းကျလုပ်ဖို့ ကိုယ့်ကိုကိုယ်ခွင့်ပေးလိုက်ပါ။

ဘဝကိုစိတ်တိုင်းကျဖြတ်သန်းပါ

တချိန်က ယောကျ်ားလေးတစ်ယောက်အတွက် အချိန်ကုန်ခဲ့တဲ့သင်ဟာ ယခုမှာကိုယ့်အတွက်ကိုယ် အချိန်ကုန်ခံလိုက်ပါ။ ဝါသနာပါတဲ့ အားကစားတွေလုပ်ပါ။ သူငယ်ချင်းမိတ်ဆွေများနဲ့ ပျော်ရွှင်စွာရယ်မောပါ။ အလုပ်ထဲမှာမြှပ်နှံပြီး အောင်မြင်မှုတွေကိုရှာဖွေပါ။