ဒီနေ့ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေ တွေ့ကြုံရတဲ့အခါ ခဏလေးပဲ့ဖြစ်ဖြစ် သက်သာပျောက်ကင်းသွားစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေပဲ့ ဖြစ်ပါတယ်။ ကျောင်းတွေပြီးလို့ ကိုယ့်ဘဝရှေ့ရေးအတွက် လုပ်ငန်းခွင်ထဲကိုဝင်ရောက်တဲ့အခါမှာ တွေ့ကြုံရမယ့်လူအမျိုးမျိုးကြောင့် တစ်ခါတစ်လေတော့လည်း စိတ်ညစ်စရာလေးတွေနဲ့ ကြုံတွေ့ရစမြဲပါပဲ့။ လုပ်ငန်းခွင်ထဲကိုရောက်သွားပြီဆိုရင်တော့ အနည်းနဲ့အများတော့ စိတ်ဖိစီးမှုဆိုတာကို မလွဲမသွေကြုံတွေ့ရတတ်ပါတယ်။

ဒီလိုမျိုး အလုပ်ခွင်ထဲ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေက ကြာလာတာနဲ့အမျှ သင့်ကျန်းမာရေးကိုပါ ထိခိုက်နိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျော့နည်းသွားအောင် ကိုယ့်ဘက်ကနေ ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက တော်တော်လေးအသုံးဝင်မှာပဲ့ ဖြစ်ပါတယ်။

မွှေးကြိုင်တဲ့ဆပ်ပြာလေးနဲ့ ရေချိုးသန့်စင်လိုက်ပါ။ ရေချိုးတာက ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းသွားစေပြီး စိတ်ကိုလည်းလန်းဆန်းသွားစေပါတယ်။ ဒါကိုမှာ မွှေးကြိုင်လွန်းတဲ့ဆပ်ပြာလေးကိုသုံးပြီး ရေချိုးမယ်ဆိုရင်တော့ မွှေးကြိုင်လွန်းတဲ့ရနဲ့လေးကြောင့် ပျိုမေတို့ကိုပိုပြီးတော့ လန်းဆန်းတက်ကြွစေမှာ အမှန်ပါပဲ့။

ပန်းလေးတွေနဲ့ အလှဆင်ကြည့်ဖို့လိုမယ်နော်။ အပြင်ကနေပြန်လာပေမယ့် အခန်းထဲကိုဝင်လိုက်တာနဲ့တင် စိတ်ကိုကြည်နူးလန်းဆန်းစေဖို့အတွက်ဆိုရင် လှပတဲ့ပန်းလေးတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အလှဆင်ထားလိုက်မယ်ဆိုရင်တော့ စိတ်ညစ်စရာတွေကို ပြေပျောက်သွားစေမှာပဲဖြစ်ပါတယ်။

ဖုန်း Wallpaper လေးကိုလည်း အပြောင်းအလဲလေးဖြစ်အောင် အသစ်လေးထားပေးမယ်ဆိုရင်လည်း စိတ်ကိုတစ်မျိုးလေး ပြောင်းလဲသွားစေမှာပေါ့။ ချစ်စရာကောင်းတဲ့. Wallpaper လေးပဲဖြစ်ဖြစ်၊ ရှုခင်းလေးတွေ၊ ပန်းလေးတွေကို ထားထားပေးမယ်ဆိုရင် ဒါလေးတွေကိုမြင်နေရတာနဲ့တင် စိတ်ကိုလန်းဆန်းသွားစေမှာပါ။

အသီးအနှံတွေကို များများစားပေးတာကလည်း စိတ်ကို ပြန်လည်လန်းဆန်းလာစေမယ့် အချက်လို့ ပြောလို့ရပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအနှံလေးတွေကို စားရင်းနဲ့ စိတ်ပင်ပန်းတာတွေကို ပြေလျော့အောင် လုပ်ပေးလို့လည်းရပါတယ်။

သီချင်းလေးတွေနားထောင်တတ်တဲ့ အကျင့်ကောင်းလေးကိုလည်း ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ တော်တော်များများက စိတ်ညစ်စရာတွေ ကြုံတွေ့လာရတဲ့အချိန်ဆိုရင် ဒီအကြောင်းအရာတွေကိုပဲ စဉ်းစားပြီး လန်းလန်းဆန်းဆန်းလည်း မရှိတော့ပါဘူး။ ဒါကြောင့် စိတ်ကို ပြန်ပြီးတော့ လန်းဆန်းလာစေဖို့အတွက် အကြိုက်ဆုံးသီချင်းလေးတွေက ကူညီပေးနိုင်ပါတယ်နော်။