ဦးရေပြားကို အဆီနဲ့နှိပ်ပေးတာက သွေးလည်ပတ်မှုကို တိုးစေပြီး ဆံပင်ကြီးထွားမှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗောက်ထခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အိမ်မှာ Hair Oil သုံးပြီး ကိုယ်တိုင် Hair Massage လုပ်မယ်ဆိုရင် ဒီအဆင့်တွေအတိုင်း လုပ်ပေးပါ။

ဦးရေပြားကို ဆီလိမ်းပြီး စက်ဝိုင်းပုံစံ လက်ချောင်းထိပ်များနဲ့ နှိပ်ပေးပါ။

လက်ဖဝါးပေါ်ကျန်နေတဲ့ဆီတွေကို ဆံပင်ကိုလိမ်းပေးပါ။

မျက်နှာသုတ်ပုဝါ သို့မဟုတ် Shower Cap နဲ့ အုပ်ပြီး တစ်ညလုံး ထားလိုက်ပါ။

နောက်တစ်နေ့ ခေါင်းလျှော်တဲ့အခါ ဆံပင်ကို သေချာလျှော်ပေးပါ။ ခြောက်အောင် လေနဲ့အခြောက်ခံပေးပါ။

Conditioner အနေနဲ့ အုန်းဆီကို သုံးပေးပါ။