လေ့ကျင့်ခန်းတွေလုပ်ရင် Stetch Exercise တွေမလုပ်ဘူး။ ဒီအတိုင်းပဲ တစ်ခါတည်းဆော့တယ်ဆိုရင် ကြာရင်တော့ အကြောပြတ်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ အကြောပြတ်ခြင်းကို ကိုယ်ဝန်ဆောင်မိခင်တိုင်းကတော့ ကြုံရမှာဖြစ်ပါတယ်။ အလှအပဆိုတာကလည်း အရေပြားတစ်ထောက်စာဆိုတဲ့အတိုင်း ကိုယ့်ရဲ့အသားအရေက ခြောက်ကပ်ကပ်ကြီးတွေဖြစ်နေမယ်၊ အကြောတွေပြတ်နေတယ်ဆိုရင်တော့ ယုံကြည်မှုကတော့ အနည်းနဲ့အများကတော့ လျော့နည်းကြပါတယ်။ အဝလွန်ခြင်းကြောင့်လည်း အကြောပြတ်တာမျိုးဖြစ်တတ်သလို တစ်ချို့ကလည်းမျိုးရိုးဗီဇကြောင့်လည်း အကြောပြတ်တတ်ကြပါတယ်။ ခေတ်မီလာတာနဲ့အမျှ ပျောက်ကင်းအောင်လုပ်လို့ရတဲ့ ဆေးတွေလည်းထွက်လာသလို အရှင်းပျောက်ချင်တဲ့သူတွေအတွက်ဆိုတော့ လေဆာနဲ့လည်း ဖျောက်လို့ရနေပါတယ်။

ဒါမှမဟုတ်ကိုယ်က သဘာဝနည်းအတိုင်းပျောက်ကင်းအောင်လုပ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ အရေပြားအတွင်းမှာရှိတဲ့ ကော်လဂျင်ဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ အသစ်ပြန်ထွက်နိုင်စွမ်းမရှိပဲ အနီရောင်အဆင်းကြောင်း အဖြူရောင်အဆင်းအကြောင်းများပေါ်လာတတ်ပါတယ်။Stretch Mark တွေကတော့ လက်မောင်းအနီးတစ်ဝိုက်၊ ခြေသလုံး၊တင်ပါးနဲ့၊ ပေါင်ပေါ်တွေမှာအဖြစ်များတတ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်ဗိုက်ရဲ့အောက်ဘက်တွေမှာအဖြစ်များလေ့ရှိပါတယ်။ Stretch Mark တွေက ချက်ချင်းကြီးဖြစ်လာတာမျိုးတော့မဟုတ်ပါဘူး။ ပထမတော့အနီအရောင်စင်းကြောင်းဖြစ်မယ် ပြီးရင်အရောင်ပြောင်းမယ်နောက်ဆုံးကိုယ့်ရဲ့ပင်ကိုယ်အသားအရောင်နဲ့မတူတဲ့အတွန့်အတွန့်စင်းကြောင်းလေးတွေဖြစ်သွားတတ်ပါတယ်။

သဘာဝအဆီတွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီးဆီ စတဲ့Vitamin-E အများဆုံးပါဝင်တဲ့ သဘာဝအဆီတွေကိုလိမ်းပေးသင့်ပါတယ်။ အချိန်ယူပြီးတော့ စွဲစွဲမြဲမြဲသုံးဖို့တော့ လိုအပ်ပါတယ်။ နေ့တိုင်း အကြောပြတ်တဲ့နေရာတွေကို လိမ်းပေးခြင်းအားဖြင့် အသားအရေယားယံတာ၊ နီမြန်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ Body Scrub တွေကိုပုံမှန်သုံးပေးသင့်ပါတယ်။ Scrub အမျိုးအစားကိုလည်း သေချာလေးရွေးကြည့်ဖို့တော့ လိုအပ်တယ်နော်။ သဘာဝရဲ့အဆီတွေဖြစ်တဲ့အတွက် ဘေးဥပဒ်လည်းမရှိတဲ့အတွက် ကွယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း လိမ်းပေးသင့်ပါတယ်။ အကြောပြတ်တာကရှက်စရာမဟုတ်ပါဘူး။ ကုသလို့လည်း ပျောက်တဲ့အရေးပြားပြဿနာဖြစ်တဲ့အတွက် စိတ်ပူစရာလည်းမလိုပါဘူးနော်။

Photo Source – Free.pik