ကိုယ့်ဆံပင်က Chemical တွေနဲ့အမြဲထိတွေ့နေတဲ့ဆံပင်လား ။ ဆံပင်ဆိုးဆေးတွေ ခဏခဏထိတာများပြီးတော့ ပျက်စီးနေပြီလား။ မိန်းကလေးတစ်ယောက်စီတိုင်းမှာ ဆံပင်ကလည်း အရေးပါလှတဲ့အတွက် ကိုယ်ဆံသားတွေခြောက်နေမယ်။ အမြဲတမ်းကျွတ်နေမယ်ဆိုရင် ကိုယ်ဆံသားမှာ Detox တွေရှိနေပြီဆိုတာ သေချာနေပြီနော်။ကိုယ်လျော်နေတဲ့ ခေါင်းလျှော်ဆေးရည်မှာကလည်း Chemical တွေပါဝင်တဲ့အတွက် အသက်အရွယ်မကြီးခင်မှာ  ဆံသားနဲ့ပတ်သက်တဲ့ပြဿနာတွေရင်ဆိုင်လာတတ်ကြပါတယ်။ ဒီလိုဆိုရင် ကိုယ်ရဲ့ဆံသား ဦးရေပြားကို ကျန်းမာစေဖို့အတွက် သဘာဝနည်းအတိုင်းပြုလုပ်လို့ ရတဲ့ကုထုံးလေးတွေနဲ့ မျှဝေပေးချင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အလွယ်တကူလည်း ဝယ်လို့ရသလို လုပ်ရမဲ့နည်းလမ်းလေးကလည်း အရမ်းကိုလွယ်ကူပါတယ်နော်။ ပန်းသီးရှာလကာရည်ကို ခွက်ရဲ့ လေးချိုးကို ရေ၂ ဆနဲ့ရောပေးပါ။ နောက်ပြီးရင်တော့ ဆံသားကိုတော့ ကိုယ်ပုံမှန်လျှော်နေကျပုံစံလေးအတိုင်းလျှော်ပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ ခုဏကရောထားတဲ့ အရည်ကိုဦးရေပြားကနေ လောင်းချပေးလိုက်ပါနော်။ ၁၀ မိနစ်လောက်ပဲဖြစ်ဖြစ် ပေါင်းတင်သလိုမျိုးခဏထားပေးလိုက်ပါနော်။ ဆံသားတွေကို သန်မာလာစေပြီး ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကတော့ မျက်နှာအသားအရအတွက်ရော ဆံပင်အတွက်ပါ ဆေးတစ်ပါးလို့ပြောလို့ရပါတယ်။ ဒီတစ်ခါမှာတော့ ဆံပင်အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ကို အပြင်အခွံခွာလိုက်ပြီး အထဲကအနှစ်ကိုတော့ ယူထုပ်ပြီးရင်တော့ မီးအနည်းငယ်နဲ့ အပူပေးရပါမယ်။ အရည်ပျော်သွားပြီဆိုရင်တော့ ပုလင်းအလွတ်တစ်လုံးထဲမှာ အအေးခံထားရပါတယ်။ ခေါင်းမလျှော်ခင် အချိန်တစ်နာရီအလိုမှာတော့ ဦးရေပြားကနေပြီတော့ ခေါင်းတစ်ခုလုံးလိမ်းပေးပြီး ပေါင်းတင်ပေးထားရပါမယ်။ ကိုယ်သုံးနေကျ ခေါင်းလျှော်ရည်ကိုပဲ အသုံးပြုပြီးသန့်စင်ပေးနိုင်ပါတယ်။

ပျားရည်

ဒီနေရာမှာ ပျားရည်စစ်စစ်ကို အသုံးပြုပေးစေချင်ပါတယ်။ လက်ဖက်ရည်ဇွန်း ၃ဇွန်းကို ရေ၂ ခွက်နဲ့ ရောစပ်ပေးလိုက်ပါ။ အားလုံးကို နှံံ့စပ်နေအောင် မွေပေးဖို့တော့ လိုအပ်ပါတယ်။ ထုံးစံအတိုင်း ဦးရေပြားကနေ ရေနွေးလေးနဲ့ လျှော်ပေးလိုက်ခြင်းက ဦးရေပြားကိုလည်း သန့်ရှင်းစေသလို ဆံပင်အရှည်မြန်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။
Photo Source – Free.pik