မျက်နှာအသားအရေကို ဂရုစိုက်သလို ကိုယ်ရဲ့နှုတ်ခမ်းသားလေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ နှုတ်ခမ်းသားမဲခြင်းပြဿနာက တစ်ချို့သူတွေကလည်း မွေးကတည်းကလည်းဖြစ်တတ်သလို၊ ဆေးလိပ်သောက်များခြင်း သက်တမ်းကုန်လွန်နေတဲ့နှုတ်ခမ်းနီတွေဆိုးခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။ အဲ့လို ညိုမဲစွဲခြင်း နီမြန်းခြင်းဖြစ်တာတွေကို ကာကွယ်နိုင်ပြီး သက်သာအောင်ပြုလုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေရှိတယ်ဆိုရင် စိတ်ဝင်စားမယ်ထင်ပါတယ်။ နည်းလမ်းလေးတွေကလည်း အလုပ်လည်းအရမ်းမရှုပ်သလို သဘာဝနည်းလမ်းတွေ ဖြစ်တဲ့အတွက် လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်လေးကို ရေနွေးပျစ်ပျစ်လေးနဲ့ဖျော်ပြီး ၅မိနစ်ခန့်လောက် အဖုံးလေးနဲ့အုပ်ထားပေးပါ။ကိုယ့်ရဲ့နှုတ်ခမ်းသားကို လက်လေးနဲ့ ဖျော်ထားတဲ့နနွင်းမှုန့်အနှစ်ကိုယူပြီး ပွတ်ပေးရပါမယ်။ အရမ်းကြမ်းကြီးပွတ်တိုက်စရာမလိုပါဘူး။နောက်တစ်နည်းကတော့ နှုတ်ခမ်းသားကိုမပွတ်တိုက်ပဲနဲ့ မထူမပါးလေးအနှစ်ကို ယူပြီး နှုတ်ခမ်းသားကိုလိမ်းထားပေးပါနော်။ ခြောက်သွားရင်တော့ ရေနွေးလေးနဲ့ သန့်စင်ပြီး Lip Blam လေးလိမ်းထားပေးလို့ရပါတယ်။ နှုတ်ခမ်းသား ညိုတာတွေ နှုတ်ခမ်းသားခြောက်တာတွေကို သက်သာစေနိုင်ပြီး တစ်ပတ်ကို နှစ်ခါလောက်ပြုလုပ်ပေးလို့ရပါတယ်။

အုန်းဆီ

အုန်းဆီကိုတော့ ဆံပင်အတွက်အသုံးပြုရုံတင်မဟုတ်ပဲ နှုတ်ခမ်းအတွက်လည်းအသုံးဝင်တယ်ဆိုတာလည်း မေ့ထားလို့မရပါဘူးနော်။ သဘာဝအုန်းဆီစစ်စစ်တွေကို အသုံးပြုဖို့တော့လိုအပ်ပါတယ်။ အုန်းဆီကို LipBlam လေးလိုအသုံးပြုပေးလို့ရပါတယ်။ နေ့တိုင်း မနက်တစ်ကြိမ်ညတစ်ကြိမ် အသုံးပြုလို့ရပါတယ်။ နှုတ်ခမ်းသားလေး ဖူးဖူးလေးနဲ့ ကြည်လင်လာပါလိမ့်မယ်နော်။

ပျားရည်

ပျားရည်ကို ဒီအတိုင်းကြီးမသုံးချင်တဲ့သူတွေအတွက်တော့ သကြားနဲ့ပျားရည်ကို ရေစပ်ပြီး Scrub သဘောမျိုးအသုံးပြုပေးလို့ရပါတယ်။ ဒီနည်းလမ်းလေးကိုတော့ နေ့တိုင်းအသုံးပြုဖို့မလိုအပ်ပါဘူး။ နေ့တိုင်လုပ်ရင် နှုတ်ခမ်းသားလေးတွေက ကြမ်းတမ်းလာတတ်ပါတယ်။ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါနော်။ စွဲစွဲမြဲမြဲအသုံးပြုနိုင်ရင် သိသိသာသာနှုတ်ခမ်းညိုမဲစွဲတောတွေကို ပျောက်ကင်းသွားစေနိုင်ပါတယ်။

Photo Source – free.pik