အသက်အရွယ်တစ်ခုရောက်လာတာနဲ့  အသားအရေကတဖြည်းဖြည်းနဲ့ အရေးအကြောင်းလေးတွေထလာမယ်၊ အတွန့်အလိမ်တွေဖြစ်တာကတော့ ထုံးစံတစ်ခုပါနော်။ ဒီလိုမျိုး အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းက ကျန်းမာရေးလိုက်စားမှုအားနည်းတဲ့ အတွက်ကြောင့်လည်း ဖြစ်တတ်သလိုမျက်နှာကို အကြောပြေစေတဲ့ လေ့ကျင့်ခန်းတွေမလုပ်ပေးတာမျိုးတို့ ၊ စိတ်ဖိစီးမှုများတာတွေ၊ အသားအရေကို ပုံမှန်ဂရုမစိုက်နိုင်တာမျိုးတွေကြောင့်လည်း အသက်အရွယ်တစ်ခုမရောက်ခင်မှာ အရေးအကြောင်းတွေ ထတတ်ပါတယ်။ ဒီလိုမျိုး အရေးအကြောင်းတွေ ဖြစ်လာပြီဆိုရင် သဘာဝနည်းလမ်းတွေနဲ့လည်း ကုသလို့ရသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေသေချာလေးစားပေးမယ်၊ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေမှုကို ရှောင်မယ်ဆိုရင်လည်း တဖြည်းဖြည်းနဲ့သက်သာလာနိုင်ပါတယ်။ အခုမျှဝေပေးချင်တဲ့ သဘာဝနည်းလမ်းလေးတွေက လွယ်ကူပြီးတော့ တကယ်လည်း အရေးအကြောင်းတွေကို သက်သာစေပါတယ်။

သံလွင်ဆီ


သံလွင်ဆီမှ မဟုတ်ပါဘူး သဘာဝရဲ့အဆီအနှစ်တွေဖြစ်တဲ့ အုန်းဆီကိုလည်း အသုံးပြုလို့ရပါတယ်။ အသားအရေ အရေးအကြောင်းဖြစ်ပေါ်ရခြင်းက ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရေဓာတ်တွေ ခမ်းခြောက်နေတဲ့အတွက်ကြောင့်ပါ။ သံလွင်ဆီကို ညဘက်အိပ်ရာဝင်ခါနီး တွန့်နေတဲ့နေရာ အသားအရေခြောက်နေတဲ့နေရာ အရေးအကြောင်းပေါ်နေတဲ့ နေရာလေးတွေမှာ သုတ်လိမ်းပြီး နှိပ်နယ်ပေးသင့်ပါတယ်။ သွေးကြောလေးတွေကလည်း လှုပ်လှုပ်ရှားရှားနဲ့ သွေးလည်ပတ်မှုလည်း ကောင်းလာနိုင်ပါတယ်။

ဌက်ပျောသီးအခွံ


ဌက်ပျောသီးစားပြီးရင် ဌက်သီးအခွံတွေပစ်မချနဲ့နော်။ ဌက်ပျောသီးအခွံက မျက်နှာအသားအရေကို ချောမွေ့အောင်လုပ်ပေးတဲ့နေရာမှာရော အရမ်းကိုအသုံးဝင်ပါတယ်။ ဌက်ပျောခွံမှာ ပါဝင်တဲ့ဗီတာမင်က အသားအရေတင်းရင်းမှုကို ဖြစ်စေပါတယ်။ ဌက်ပျောအခွံကို ဒီအတိုင်းမျက်နှာပေါ်မှာ ဒီအတိုင်းညင်သာစွာပွတ်ပေးလို့ရပါတယ်။ တစ်ပတ်ကို သုံးခါလောက်ပုံမှန်လေးလုပ်ပေးရင်တော့ တစ်လအတွင်းမှာ အသားအရေလေးက သိသိသာသာလေး ပြောင်းလဲလာပါလိမ့်မယ်။

ပျားရည် 


ပျားရည်ကမျက်နှာပေါ်က အဆိတ်အတောက်တွေကို ဖယ်ရှာပေးနိုင်ပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ပျားရည်နှစ်ဇွန်းကို သကြားလက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ထည့်ပြီးရောမွေပေးပါ။ ရရှိလာတဲ့ပျားရည်အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးပါ ညင်ညင်သာသာနဲ့ သကြားတွေအရည်ပျော်ထဲအထိလည်း ပွတ်ပေးလို့ရပါတယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်ကို ၂ကြိမ်လောက်အသုံးပြုပေးရ ရပါပြီ။
Photo Source – Free.pik