သမီးရည်းစားကြားမှာ သစ္စာဖောက်သွားတာတို့ ၊ ကိုယ်မဟုတ်ပဲ တစ်ခြားသူတွေနဲ့ ခိုးတွေ့နေတာတို့က အခုခေတ်မှာ ပိုပြီးတော့ အဖြစ်များလာကြပါတယ်။ လူတွေကလည်း သစ္စာတရားကို တန်ဖိုးမထားကျတော့သလို တဖြည်းဖြည်းနဲ့လည်း အကျင့်တွေက ပျက်ပြားလာကြပါတယ်။

လောကကြီးမှာတော့ ဘယ်အရာမှတော့ တည်မြဲကျတာတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့အတူရှိနေတဲ့အချိန် ကိုယ့်အနားမှာရှိနေတဲ့အချိန်မှာ ကိုယ်ကအကောင်းဆုံးကို ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်းတစ်ဖက်လူက လမ်းခွဲသွားရင်တောင် စိတ်ရှင်းရှင်းနဲ့သူ့ကို လက်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

သစ္စာမရှိတဲ့သူတွေကို စိတ်အေးအေးထားပြီး တုံ့ပြန်ဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူတဲ့ အရာတစ်ခုပါပဲ့။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့.. ဒီနည်းလေးတွေသုံးပြီး ကိုယ့်ကိုတန်ဖိုးမထားတဲ့ သစ္စာမရှိတဲ့သူကို မေ့ပစ်လိုက်ပါနော်။

စိတ်အေးအေးထားပါ

ရည်းစားဟောင်းတွေက သူတို့ဖြတ်ပြီးရင် တစ်လနှစ်လလောက်ဆို သူတို့အမှားကိုသူတို့သိသွားပြီး ပြန်လာတတ်ကြစမြဲပါ။ ဒီအချိန်ကျရင် ကိုယ်ကစင်ပေါ်က လူဖြစ်သွားပါပြီနော်။ ဒါကြောင့် ပြတ်သွားတဲ့အချိန်ကျရင် ကိုယ်ကလည်းထားခဲ့ခံရသေးတယ် အရှုံးလည်းခံရသေးတယ်ဆိုရင်တော့ မဟုတ်သေးဘူးနော်။ ကိုယ့်ကိုထားခဲ့တယ်မလား အိုခေ နင်တောင်ပြတ်နိုင်သေးတာပဲဆိုပြီး စိတ်ကိုတင်းထားသင့်ပါတယ်နော်။ အဲ့ဒါကလည်း တစ်ဖက်သူကို ပိုပြီးခံရအောင်လုပ်ခြင်း နည်းတစ်မျိုးပါနော်။  သူလိုချင်တာက ကိုယ့်ကတားပြီး သူ့ကိုအတင်းဆွဲထားမယ်ဆိုတဲ့ မျှော်လင့်ချက်ပဲ့ဖြစ်ပေမဲ့ သူနဲ့ပြတ်တာတောင် ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ နေပြလိုက်ပါ။

နားလည်ပေးလိုက်ပါ

ဒီအချက်က သူ့ကိုစိတ်နာဖို့ဆိုတာထက် ကိုယ့်စိတ်ကိုယ် နေသာထိုင်သာရှိအောင် လုပ်ယူခြင်းဖြစ်ပါတယ်။ နားလည်ပေးခြင်းကလည်း ကိုယ့်စိတ်ကိုလည်း ပေါ့ပါးစေသလို ကိုယ့်ဘဝထဲမှာ ဘယ်သူမှမရှိလည်းနေတတ်အောင်တော့ ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ အရာရာတိုင်းက ခဏတာလာလည်တဲ့ ဧည့်သည်တွေလိုပါပဲ။ ဒီတော့ အကောင်းဆုံးဖြေရှင်းချက် သူထွက်သွားတာကိုလည်း နားလည်ပေးလိုက်သလို ကိုယ့်စိတ်ကိုလည်း နားလည်အောင်လုပ်သင့်ပါတယ်။

မေ့လိုက်ပါ

အတိတ်ဆိုတာက အိပ်မက်တစ်ခုလိုပါပဲ အတိတ်မှာသံသရာမလည်နေဖို့သာ အရေးကြီးပါတယ်။ လူတစ်ယောက်နဲ့အချိန်ကာလ တစ်ခုကနေချက်ချင်းကြီး ကိုယ့်ဘေးနားကနေပျောက်ကွယ်သွားရင် ဘယ်သူမဆို ခံစားရကြရပါတယ်။ လွယ်လွယ်နဲ့တော့ မမေ့နိုင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်အတွေးတွေထဲကနေ တဖြည်းဖြည်းထုတ်ပစ်နိုင်တဲ့နေရာကနေ စပြီးလုပ်သင့်ပါတယ်။ အချိန်ကလည်း ကုစားပေးနိုင်ပါတယ်နော်။

Photo Source – Free.pik