ဘောင်းဘီဝယ်လိုက်တိုင်း ကိုယ့်အချိုးအစားနဲ့မကိုက်လို့ အမြဲစိတ်ညစ်နေရတဲ့သူတွေ ရှိလား ? ဒါဆိုရင်တော့ ဒီဆောင်းပါးမှာ ဘောင်းဘီ Size ကို တိတိကျကျသိနိုင်ဖို့ တိုင်းနည်းအဆင့်ဆင့်ကို ဖော်ပြထားတာမလို့ အခုပြောပြမယ့်နည်းတွေအတိုင်း တိုင်းကြည့်ပါ။

ကြာချိန်ကတော့ ၁၀ မိနစ်လောက်ပဲကြာပြီး လိုတာကတော့ ပေကြိုးနဲ့ တိုင်းထားတာတွေချရေးဖို့ ဘောပင်နဲ့ စာအုပ်ပါ။

တင်ပါးအပေါ်က ဘောင်းဘီဝတ်လေ့ရှိတဲ့ ခါးတစ်ဝိုက်နားကို သေချာတိုင်းပါ။

တင်ကိုတိုင်းတဲ့အခါ တင်ရဲ့အပြည့်ဆုံးအစိတ်အပိုင်းကိုရှာပြီး တိုင်းပါ။ တိုင်းတဲ့အခါ ပေကြိုးကိုဖြောင့်အောင်ထားပြီး တိုင်းပြီး တင်းတင်းမာမာအနေထားမှာတိုင်းပါ။ လျော့ပြီး ကျပ်ပြီး မတိုင်းပါနဲ့။

ခြေထောက်ကိုတိုင်းတဲ့အခါ ခြေထောက်တစ်ဖက်ရဲ့ အပေါ်ဆုံးကနေ စတိုင်းပြီး ခြေချင်းဝတ်အောက်ခြေအထိ တည့်အောင်ထားပြီး တိုင်းပါ။ တိကျတဲ့အဖြေရဖို့ တခြားတယောက်ကို တိုင်းခိုင်းပါ။

ဒါဆိုရင်တော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဘောင်းဘီတစ်ထည်ကို ရှာတွေ့နိုင်ပါပြီ။