ရွှေ ဒါမှမဟုတ် ဖန်စီလက်စွပ်လှလှလေးတွေ အွန်လိုင်းက ဝယ်ချင်တဲ့အခါ ဒါမှမဟုတ် လူကြုံမှာချင်တဲ့အခါမျိုးမှာ ကို်ယ့်ရဲ့ လက်စွပ်ဆိုဒ်ကို မသိတဲ့ကောင်မလေးတွေအတွက် အလွယ်တကူတိုင်းလို့ရမယ့် နည်းလမ်းလေး ဝေမျှပေးချင်ပါတယ်။

လက်နဲ့လုံးပတ်ကိုသိရဖို့အတွက် ကြိုး ဒါမှမဟုတ် စက္ကူအမြောင်းလေးကို သုံးလို့ရပါတယ်။ အစွန်းတစ်ဖက်ကို လက်ချောင်းနှင့် ဖိထားပြီး ကျန်တာကို လက်မှာပတ်လိုက်ပါ။

ပြီးမှ စာရွက်ပေါ်တင်ပြီး အဆုံးနှစ်ဖက်စလုံးကို အမှတ်အသားလုပ်ဖို့ မျဉ်းတစ်ကြောင်းဆွဲလိုက်ပါ။

ပြီးရင် ဆွဲထားတဲ့မျဉ်းရဲ့ အစွန်းနှစ်ခု အကွာအဝေးကို တိုင်းပါ။ အဝိုင်းများများလုပ်လေ၊ ပိုတိကျလေလေပါ။

နောက်ဆုံးမှာ ring-sizing chart ကိုသုံးပြီး ကိုယ့်လက်စွပ်ဆိုဒ်ကို မှန်မှန်ကန်ကန်သိနိုင်ပါပြီ။