မင်္ဂလာပါ ပျိုမေတို့ရေ။ အပြင်သွားတိုင်း ပေါ့ပေါ့ပါးပါး လက်ကိုင်အိတ်လေးတွေပဲ သယ်သွားတတ်တဲ့သူတွေရှိလား။ အရောင်အမျိုးမျိုးရှိတဲ့ လက်ကိုင်အိတ်လေးတွေက ပျိုမေတို့ကို ပိုပြီးစမတ်ကျစေမယ့်အပြင် ဒီလိုအိတ်လေးတွေနဲ့ ကိုယ့်ရဲ့ Outfit ၊ လက်သည်းအရောင် စတာတွေကို လိုက်ဖက်အောင် တွဲစပ်ပေးမယ်ဆိုရင် သင့်ရဲ့တစ်ကိုယ်လုံးဖက်ရှင်ကိုပါ ပြည့်စုံစေမှာပါ။

လက်ကလေးတွေကျော့ရှင်းပြီး လက်ကိုင်အိတ်နဲ့လိုက်ဖက်နေဖို့ လက်သည်းအရောင်ရွေးချယ်မှုက အရေးအကြီးဆုံးပါပဲ။ ကိုယ်သုံးတဲ့အိတ်အရောင်နဲ့တစ်ထပ်တည်းဖြစ်တဲ့ လက်သည်းနီချည်းပဲဆိုးတာကလည်း အရမ်းရိုးရှင်းတာမို့ ဒီတစ်ခေါက်မှာ အရောင်မတူတာလေးတွေ တွဲစပ်ပြီး လိုက်ဖက်အောင် ပြင်ဆင်နိုင်မယ့်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်အိတ်နဲ့လိုက်မယ့် လက်သည်းနီအရောင် ရွေးရခက်နေသူတွေအတွက်လည်း အိုင်ဒီယာရစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

နီနီရဲရဲ လက်ကိုင်အိတ်လေးတွေက အသားရောင်လက်သည်းနီနဲ့ လိုက်ဖက်ပါတယ်။

သင့်မှာခဲဖျော့ဘက်သန်းတဲ့ အိတ်လေးရှိရင်တော့ အပြာအဖျော့လက်သည်းနီလေးကိုဆိုးကြည့်သင့်ပါတယ်။

ပုံထဲကလို အပြာအဖျော့ အရောင်အိတ်လေးရှိရင်တော့ လိမ္မော်ရောင်လက်သည်းနီလေးတွေက ကြည့်ကောင်းအောင် ပံ့ပိုးပေးမှာပါ။


ပုလဲလုံးလေးတွေပါတဲ့ အိတ်ဆိုရင်တော့ ကြေးရောင် လက်သည်းနီတောက်တောက်လေးတွေက ကွက်တိပါပဲ။

Navy Blue အိတ်လေးတွေက ပန်းရောင်တောက်တောက်လက်သည်းနီတွေနဲ့ လိုက်ပါတယ်။ အသားဖြူတဲ့သူဆိုရင် နေရောင်ထဲထွက်လိုက်တာနဲ့ တောက်ပနေစေမှာပါ။

အရောင်ပြေးတောက်တောက်လေးတွေကို ခရမ်းရောင်အဖျော့လေးနဲ့တွဲပေးတာက Soft ဖြစ်တဲ့ ပုံစံလေးရစေမှာပါ။

Nude က လူကြိုက်များတဲ့အရောင်လေးပါ။ ဒီလို လက်ကိုင်အိတ်မျိုးရှိတဲ့သူတွေအနေနဲ့ ထူးထူးခြားခြားလေးဖြစ်အောင် Mint အစိမ်းရောင်လက်သည်းနီလေးဆိုးကြည့်သင့်ပါတယ်။

အဖြူအိတ်လေးတွေက အပြာရင့်ရင့်လက်သည်းနီတွေနဲ့လိုက်ပါတယ်။ အမြင်ရှင်းရှင်းနဲ့ အထာကျတဲ့ပုံစံလေးရစေမှာပါ။

Photo Source: instyle, pinterest

By MyStyle Myanmar