မကြာခင်မှာ ချစ်သူစုံတွဲတွေအတွက် ကြည်နူးစရာနေ့ရက်လေး ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ စုံတွဲဖက်ရှင်လေးတွေ ဝတ်ဆင်ပြီး အပီပြင်ရှိုးထုတ်ကြဖို့  တွေးထားကြသူတွေလည်း ရှိကြမယ်ထင်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စုံတွဲဖက်ရှင်လေးတွေဝတ်တဲ့အခါ စတိုင်ကျပြီး လိုက်ဖက်မှုရှိနေစေဖို့ ဖက်ရှင်အကြံပြုချက်လေးတချို့ကို မျှဝေပေးသွားချင်ပါတယ်။

(၁) T-Shirt ဆင်တူဝတ်ပါ

Classic T-Shirt တွေက ရိုးရိုးရှင်းရှင်းနဲ့ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ စုံတွဲဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ဆင်တူ Graphic Tees တွေ ၊ ရိုးရိုးရှင်းရှင်း ပြောင် T-Shirt လေးတွေနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ စာတန်းလေးတွေ ၊ ရုပ်ပုံလေးတွေပါတဲ့ T-Shirt လေးတွေကို ဆင်တူဝတ်ဆင်ပြီး ရှိုးထုတ်လို့ ရပါတယ်။

(၂) အရောင်ရွေးချယ်မှုမှန်ကန်ပါစေ

စုံတွဲဖက်ရှင်ဝယ်ဆိုရင် အရောင်ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ချစ်သူနှစ်ဦးအတွက် တူညီတဲ့အရောင် သို့မဟုတ် လိုက်ဖက်မှုရှိတဲ့ အရောင်လေးတွေကို ရွေးချယ်သင့်ပါတယ်။

ဆင်တူအင်္ကျီလေးတွေ မဟုတ်ဘူးဆိုရင်တောင် ဝတ်ထားတဲ့ အရောင်ချင်းတော့ လိုက်ဖက်ပြီး တူညီမှု ရှိနေရမှာပါ။ အကောင်းဆုံးကတော့ အပြာနုရောင် ၊ Monochrome နဲ့ Earth Tone တွေလို မနုလွန်း မရင့်လွန်းတဲ့ Neutral Color လေးတွေ ရွေးချယ်ဝတ်ဆင်မယ်ဆိုရင် အလိုက်ဖက်ဆုံး ဖြစ်စေမှာပါ။

(၃) Shoes ဆင်တူ စီးပါ

စုံတွဲဖက်ရှင်လို့ပြောရင် အဝတ်အစားတွေလောက်ပဲ အာရုံစိုက်မိတာ များပါတယ်။ တကယ်တော့ Shoes ဆင်တူဝတ်တာကလည်း ချစ်သူနှစ်ဦးကို တကယ်ပဲ လိုက်ဖက်မှုရှိရှိနဲ့ ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။

ချစ်ခြင်းနဲ့ စင်ကြယ်ခြင်းသဘောကိုဆောင်တဲ့ အဖြူရောင် Sneakers လေးတွေကို ပိုပြီး ဦးစားပေးရွေးချယ်ပါ။ နောက်ပြီး ဆွဲကြိုး၊ လက်စွပ် ၊ နာရီ စတဲ့ ဖက်ရှင် accessories လေးတွေကိုလည်း လိုက်ဖက်မှုရှိရှိဆင်တူဝတ်ဆင်ဖို့ မမေ့ပါနဲ့။

(၄) Hoodies  ဝတ်ပါ

လူငယ်ဆန်ပြီး အထာကျချင်တဲ့ ချစ်သူစုံတွဲတွေအတွက်တော့ Hoodies ဖက်ရှင်တွေက အကောင်းဆုံး ဖြစ်ပါတယ်။ ရာသီဥတု အေးနေတဲ့အချိန်လည်းဖြစ်တော့ Hoodies ဖက်ရှင်လေးတွေနဲ့ ရှိုးထုတ်မယ်ဆိုရင် အလိုက်ဖက်ဆုံးဖြစ်စေမှာပါ။

Hoodies တွေက ဝတ်ရတာ လွတ်လပ်ပေါ့ပါးမှုရှိပြီး စတိုင်ကျစေတဲ့အတွက် ချစ်သူများနေ့မှာ ဆင်တူ Hoodies ဖက်ရှင် လေးတွေနဲ့ ရှိုးထုတ်ဖို့လည်း အကြံပြုချင်ပါတယ်။