နွေရာသီမှမဟုတ်ဘဲ ဘယ်ရာသီပဲဖြစ်ဖြစ် ကမ်းခြေတို့ ရေကူးကန်တို့ Pool Party သွားပြီဆိုရင် ဘယ်လိုအဝတ်အစားတွေ ရွေးချယ်သင့်သလဲဆိုတာကို ပြောပြချင်ပါတယ်။

ပါတီတွေသွားမယ်ဆို ထူးထူးဆန်းဆန်း ကြောင်တောင်တောင် မဖြစ်အောင် အဝတ်အစားကို သူ့နေရာနဲ့သူ လိုက်ဖက်စွာ ဝတ်ဆင်သင့်ပါတယ်။

ဒီလိုမှမဟုတ်ရင် သင်ဟာ ပါတီနဲ့ မအပ်စပ်သလိုဖြစ်နေမှာပါ။ အဖော်မပါပဲသွားရတဲ့ ပါတီမျိုးဆို ပိုဆိုးတာပေါ့။ ကမ်းခြေမှာ လုပ်တဲ့ပါတီမျိုးတွေ သွားရင် မလိုတဲ့ဟာတွေ ယူမသွားသင့်ပါဘူး။

ဥပမာ စတိုင်ကျအောင်ဆိုပြီး ရောင်စုံပါတဲ့ Beach သွားရင်ထည့်ယူလေ့ရှိတဲ့ အိတ်မျိုးတွေမလိုပါဘူး။

ပုံမှန်ရေကူးဖို့သွားမယ်ဆိုရင်တော့ အိတ်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေထည့်သွားဖို့ သယ်သွားသင့်တာပေါ့ သို့ပေမဲ့ ပါတီကျတော့ကော ရည်ရွယ်ချက်ကမတူတော့ပါဘူး။

အဲ့ဒါကြောင့် နေရာတစ်ခုသွားရင်တောင် မတူညီတဲ့ အခြေအနေတွေဆို အဝတ်အစားကို ပုံသေတွက်လို့မရပါဘူး။ ကဲ ဒီလို အခြေအနေမျိုးတွေဆို ဘယ်လိုလုပ်မလဲ ရှင်းပါတယ်။

Basic ကျတဲ့ ကမ်းခြေသွားတဲ့ အပွင့်ပုံစံ ဂါဝန်တွေ ရေကူးဝတ်စုံတွေနဲ့ Sunglasses တော့ လိုပါတယ်။ ဝတ်စုံပြည့်ဝတ်ပြီးပြီဆိုရင်တော့ Accessory အနေနဲ့ဆိုရင်တော့ Straw Hat နဲ့ Shades ပဲလိုပါတယ်။ ဒီလောက်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ပါတီမှာ ပါဝင်လို့ရပါပြီ။