နှိပ်နယ်လိုက်ရင် အကြောလေးတွေက နေလို့ကောင်းသွားတယ်ဆိုပြီး လူတွေကစိတ်ဖိစီးမှု လျော့ချတဲ့နေရာမှာရော Relax ဖြစ်အောင်လည်း နှိပ်နယ်ကြပါတယ်။ လူတွေလောက် တစ်နေ့တစ်နေ့ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့နေရတာ လူတွေပဲရှိပါတယ်။ စိတ်အပန်းဖြေဖို့  အမျိုးမျိုးသောနည်းလမ်းတွေနဲ့ စိတ်သက်သာအောင်လုပ်ကြပါတယ်။ အလုပ်က ပြန်လာပြီး ပင်ပန်းနွမ်းနယ်နေတာမျိုးဖြစ်ဖြစ်၊ အပြင်တွေသွားပြီး ညောင်းညာနေတာမျိုးဖြစ်ဖြစ် အလွယ်တကူအိမ်မှာပဲ သက်တောင့်သက်သာဖြစ်ပြီး နှိပ်နယ်ပေးလို့ရတဲ့နည်းလမ်းလေးတွေကိုလည်း မျှဝေပေးချင်ပါတယ်။ အရမ်းလည်း အပန်းမကြီးသလို နှိပ်ပြီးသွားရင်လည်း နေလို့ကောင်းသွားတယ်ဆိုတော့ လုပ်ကြည့်နော်​။

ဦးရေပြားကို နှိပ်ပေးခြင်း 

ခေါင်းလျော်သည့်အခါတိုင်း ဦးရေပြားလေးကို နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း အပူတွေကထွက်သွားနိုင်ပြီး လူကိုလန်းဆန်းသွားစေနိုင်ပါတယ်။ ခေါင်းလျှော်နေစဥ်အတွင်းမှာလည်း နှိပ်လို့ရသလို ခေါင်းလျှာ်ပြီး ပျော့ဆေးသုံးတဲ့အချိန်မျိုးမှာလည်း လက်ချောင်းထိပ်ရဲ့အားကို အသုံးပြုပြီး နှိပ်ပေးလို့ရပါတယ်။ စိတ်ဖိစီးမှုကို ကင်းဝေနိုင်တဲ့အပြင် ဦးနှောက်ရဲ့သွေးကြောလေးတွေကိုလည်း ကောင်းမွန်စေပါတယ်။

နားကိုနှိပ်ခြင်း 

နားကိုနှိပ်တဲ့ပုံစံလေးက လက်မနဲ့ လက်ညိုးကိုအသုံးပြုပြီး အသာလေးနှိပ်ပေးရပါတယ်။ နားရွက်ရဲ့ အပြင်အဖျားပိုင်းလေးတွေကို အဓိကနှိပ်ပေးရပါမယ်။ ဒီနည်းလမ်းလေးကိုတော့ တရုပ်လူကြီးတွေကနေစခဲ့ခြင်း ဖြစ်ပါတယ်။ ၁၅ မိနစ် ၂၀ လောက်ဆိုရင် တော်တော်လေးအဆင်ပြေနေပါပြီ။ခေါင်းကိုက်တတ်တဲ့သူတွေ နားကျပ်အမြဲတပ်ထားတဲ့သူတွေအတွက်လည်း နားရွက်အနီးတစ်ဝိုက်ခပ်ဖွဖွလေး နှိပ်ပေးသင့်ပါတယ်။

ခြေဖဝါးကို နှိပ်ပေးခြင်း 

ခြေထောက်လေးတွေရဲ့အရေပြားလေးတွေကို ရေနွေးလေးနဲ့စိမ်ထားပြီး အရေပြားလေးနည်းနည်းပွလာရင်တော့ ခြေထောက်အကြောလေးတွေကို နှိပ်ပေးတာမျိုး၊ခြေချောင်းတစ်ချောင်းချင်းစီတိုင်းကို နှိပ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ အနည်းဆုံး မိနစ်၃၀ လောက်နှိပ်ပေးသင့်ပါတယ်။ ဒါမှလည်း အပူတွေထွက်ပြီး နေလို့ကောင်းသွားပါတယ်။

Photo Source – free.pik