ရုပ်ချောအောင် လုပ်လို့ရသလားဆိုရင် တိုက်ရိုက်မဟုတ်ပေမယ့် လုပ်လို့ရတဲ့ နည်းတွေ ရှိတယ်လို့ပြောချင်ပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ကျက်သရေရှိမှုက ရုပ်ချောတယ်ဆိုတာထက် ပိုပြီး ဂုဏ်ယူစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ မိန်းမပီသပြီး စတိုင်မိမိ ကြည့်ကောင်းအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။

(၁) Confidence ရှိရှိနေပါ

Confidence ရှိရှိ နေထိုင်တဲ့ အမျိုးသမီးဆိုရင် တမျိုးကြည့်လို့ကောင်းတာ အမှန်ပါပဲ။ အထူးသဖြင့် Confidence ရှိခြင်းဟာ အမျိုးသမီးတစ်ယောက်ကို ပိုလို့တောင် စမတ်ကျပြီး လေးစားချင်စရာကောင်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ နေထိုင်ပြောဆို လုပ်ကိုင်တဲ့သူတစ်ယောက်အဖို့ သူ့ရဲ့ ဟန်ပန် ၊ အသံနဲ့ ပုံစံဟာ အလိုလိုနေရင်း အားကျနှစ်လိုဖွယ် ဖြစ်လာတတ်ပါတယ်။

(၂) သန့်သန့်ပြန့်ပြန့်ဝတ်ပါ

စတိုင်ဆိုတာ အဓိကက အဝတ်အစားပါပဲ။ ဝတ်တတ်စားတတ်ရင် စတိုင်မိတဲ့သူ ဖြစ်တာပါပဲ။ Stylish ဖြစ်တဲ့သူဟာလည်း ချောနည်းတစ်မျိုးပါပဲ။ ဒီတော့ချောချင်ရင် ကိုယ်ဝတ်တဲ့ စားတဲ့ပုံကို အရင်ပြင်ပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင်နဲ့ နေထိုင်ပါ။ သပ်သပ်ရပ်ရပ်နေရင် ရုပ်ထွက်ပါတယ်။

(၃) Body Language ဂရုစိုက်ပါ

ကိုယ့်ရဲ့လှုပ်ရှားဟန်ဟာ ကိုယ့်ရဲ့ စတိုင်အကြောင်း စကားပြောပါတယ်။ လှုပ်ရှားမှုပုံစံ ကြည့်ကောင်းတဲ့သူတွေကို ကြည့်ရတာလည်း ဆွဲဆောင်မှုရှိတယ်လို့ ခံစားရစမြဲပါ။ တချို့သူတွေဟာ ရုပ်ကလေး ချောပါလျက်နဲ့ နေပုံထိုင်ပုံ အထာမကျတာနဲ့ ချောသင့်/လှသင့်သလောက် ရုပ်မထွက်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် ရုပ်ပိုချောချင်ရင် ကိုယ့်ရဲ့ Body Language နဲ့ စကားသုံးနှုန်းပြောဆိုပုံတဲ့ လေယူလေသိမ်းကို ဂရုစိုက်ပါ။

(၄) ပြုပြုပြင်ပြင်နေပါ

မိန်းကလေးအများစုက တစ်ကိုယ်ရည် သန့်ရှင်းမှုလောက်ပဲလုပ်ပြီး ပြုပြုပြင်ပြင် ခြယ်သမှုလေးတွေ မလုပ်ဖြစ်တာများပါတယ်။ လူတစ်ယောက် ရုပ်ရှိလည်း မပြုမပြင် နေထိုင်တာကြာလာရင် ရှိရင်းစွဲရုပ်ကလေးတွေတောင် ပျက်စီးပြီး ကြည့်မကောင်းတဲ့ရုပ်ဖြစ်သွားနိုင်ပါတယ်။ လက်သည်းခြေသည်းတွေဆိုလည်း သေချာညှိထားတာမျိုး ၊ Hairstyles လေးမှ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဂရုမစိုက်မိရင် နောက်ပြီး အသားအရေ ထိန်းသိမ်းမှုမလုပ်ဖြစ်ရင် ကိုယ့်လောက်ရုပ်မရှိဘဲ ပြုပြုပြင်ပြင် ဂရုစိုက်တဲ့သူနဲ့ ယှဉ်ရင် ရုပ်ထွက်မှာ မဟုတ်ပါဘူး။