မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူတစ်ယောက်ကို အမှတ်ရနေဖို့က သူ့ရဲ့ကိုယ်သင်းရနံ့က အရေးပါပါတယ်။ ကိုယ့်ကို လူတစ်ယောက်အမြဲအမှတ်ရနေစေဖို့ ကိုယ့်ရဲ့ လက်စွဲရေမွှေးတစ်ပုလင်းတော့ရှိသင့်ပါတယ်။ မွှေးပျံ့တဲ့ ရေမွှေးနံ့က သင့် Image ကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။

ရေမွှေးရွေးရာမှာလည်း ကိုယ်သဘောကျတဲ့အနံ့ ကိုယ်နဲ့အဆင်ပြေမယ့်အနံ့မျိုးရွေးရပါမယ်။ ကိုယ်ကြိုက်တဲ့ရေမွှေးနံ့ကို တွေ့သွားရင်တော့ ရေမွှေးနံ့ခံမခံက စကားပြောလာပါပြီ။ တချို့ရေမွှေးတွေက စစဆွတ်ချင်းမှာပဲ မွှေးပြီး နောက်တော့ အနံ့ပျောက်သွားတတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် အရည်အသွေးအသင့်အတင့်ရှိတဲ့ ရေမွှေးမျိုးကို အသုံးပြုရပါမယ်။ ဒီတစ်ခေါက်မှာတော့ ရေမွှေးနံ့ သင့်ခန္ဓာကိုယ်မှာ တစ်နေ့လုံးစွဲနေစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အကွာအဝေးကို သတိထားပြီးဖြန်းပါ

Source: Times of India

စွတ်ထားတဲ့နေရာမှာပဲ မွှေးနေတာမျိုးမဖြစ်ရအောင် ရေမွှေးကို ကိုယ့်အသားအရေနဲ့ 20 cm အဝေးကနေဖြန်းပေးပါ။ ဒီလိုဖြန်ပေးတာက အရေပြားထဲ စိမ့်ဝင်မှုကောင်းမွန်စေပါတယ်။

၂။ ရေချိုးပြီးမှ ရေမွှေးဖြန်းပါ

Source: Medical News Today

ရေချိုးပြီးနောက်မှာ သင့်ခန္ဓာကိုယ်က ချွေးပေါက်တွေက ပွင့်သွားပါတယ်။ ချွေးထွက်နေတဲ့ အချိန် ရေမွှေးစွတ်တာထက် ရေချိုးပြီးနောက် စွတ်တာက ရေမွှေးကြာရှည်ခံစေပါတယ်။

၃။ ရေမွှေးမဖြန်းခင် Vaseline ဒါမှမဟုတ် Body Lotion တစ်မျိုးကို လိမ်းပေးပါ

Source: Divas World

သွေးခုန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်မှာ ရေမွှေးမဖြန်းခင် Vaseline ဒါမှမဟုတ် Body Lotion လိမ်းပေးတာက ရေမွှေးနံ့ တာရှည်ခံစေပါတယ်။

၄။ ရေမွှေးထားတဲ့နေရာကို ဂရုစိုက်ပါ

Source: Cosmopolitan

ရေစိုနေတဲ့နေရာတွေ အပူနဲ့ အလင်းရောင်က ရေမွှေးနံ့ကြာရှည်ခံမှုကို ထိခိုက်စေပါတယ်။ ဒါကြောင့်ရေမွှေးကို မီးအလင်းရောင်နည်းပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ။ ဥပမာ အဝတ်ဗီဒိုထဲမှာထားတာမျိုးပေါ့။

၅။ ရေမွှေးဖြန်းပြီးနောက် ပွတ်တာမျိုးမလုပ်ပါနဲ့

Source: Medium

ရေမွှေးဖြန်းတဲ့အချိန် လူအများစုအမှားက ပွတ်လိုက်တာပါ။ လက်ကောက်ဝတ်နားကို ပွတ်ပြီး လည်ပင်းမှာပါ သွားပွတ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက ရေမွှေးထဲက မော်လီကျူးတွေကို ပျက်စီးစေပြီး အနံ့ ပျောက်သွားစေပါတယ်။

၆။ သွေးခုန်တဲ့အစိတ်အပိုင်းတွေမှာဖြန်းပေးပါ

Source: goods.ie

သွေးခုန်တဲ့ နေရာတွေဖြစ်တဲ့ လက်ကောက်ဝတ်၊ နားနောက်၊ လည်ပင်းအောက်၊ တံတောင်ဆစ်အပေါ်လက်ကွေးတဲ့နေရာ၊ စကပ်ဝတ်တဲ့အချိန်ဆို ဒူးနောက်တွေမှာ ရေမွှေးစွတ်ပေးသင့်ပါတယ်။ ဒီလိုနေရာတွေက သွေးစီးဆင်းမှုကောင်းမွန်ပြီး ခန္ဓာကိုယ်အပူချိန်ပိုနွေးလို့ပါ။

၇။ ဆံပင်မှာ ရေမွှေးစွတ်ပေးပါ

Source: Glossybox

ဒီလိုပြောလို့ ဆံပင်ကို သွားပြီး ရေမွှေးတိုက်ရိုက်ထိတာမျိုးမဟုတ်ပါဘူး။ ရေမွှေးမှာ သင့်ဆံပင်ကိုပျက်စီးစေတဲ့ အယ်လ်ကိုဟောတွေပါဝင်ပါတယ်။ ဒါကြောင့် သင်ဖြီးမယ့် ခေါင်းဖြီးမှာ ရေမွှေးဖြန်းလိုက်ပါ။ ပြီးတာနဲ့ ခေါင်းဖြီးပါ။ ဒီလိုလုပ်ပေးတာက ဆံသားမပျက်စီးဘဲ ရေမွှေးနံ့ တာရှည်ခံစေပါတယ်။ ခေါင်းမလျှော်ဖြစ်တဲ့ရက်တွေလည်း ဒီလိုလုပ်လို့ရပါတယ်။

By MyStyle Myanmar