တစ်ခုခုစားလိုက်တာနဲ့၊ ဆိုးထားတာနည်းနည်းကြာတာနဲ့ နှုတ်ခမ်းနီပျက်သွားတာမျိုး ဖြစ်ကြမှာပါ။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ခဏလေးနဲ့ပျက်မသွားပဲ ကြာရှည်ခံအောင်ဆိုးနည်းကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်မှာပါ။

၁. အရင်ဆုံး နှုတ်ခမ်းကို Exfoliate လုပ်ပေးရပါမယ်။ Sugar Scrub နဲ့ နှုတ်ခမ်းကို ၁ မိနစ်လောက်ပွတ်ပေးပါ။ ပြီးရင်တော့ ရေစိုဝတ်လေးနဲ့ နှုတ်ခမ်းကိုသုတ်လိုက်ပါ။

၂. နှုတ်ခမ်းအဖတ်လန်တာ၊ နှုတ်ခမ်းကွဲတာတွေဖြစ်နေရင်လည်း နှုတ်ခမ်းနီဆိုးရင် ကြာကြာမခံပါဘူး။ ဒါကြောင့် Exfoliate လုပ်ပြီးရင် နှုတ်ခမ်းကို Lip Balm ဆိုးပေးဖို့မမေ့ပါနဲ့။

၃. ကိုယ်ဆိုးမယ့်နှုတ်ခမ်းနီအရောင်နဲ့ဆင်တဲ့ Lip Primer ကို ဆိုးပေးပါ။ နှုတ်ခမ်းနီကို ဒီတိုင်းဆိုးတာထက် Lip Primer ခံဆိုးတာက ပိုပြီးကြာကြာခံပါတယ်။

၄. နှုတ်ခမ်းကို ကိုယ်လိုချင်တဲ့ပုံအတိုင်း Line အရင်ဖော်ပါ။ ဒါမှ ဘေးဘက်တွေကိုပြန့်မသွားပဲ သပ်သပ်ရပ်ရပ်လေးနဲ့ လှမှာပါ။

၅. ကိုယ်ဆိုးမယ့်နှုတ်ခမ်းနီကို Line အပြင်မရောက်အောင် သေချာဆိုးပေးပါ။

၆. နှုတ်ခမ်းနီဆိုးပြီးရင် တစ်ရှူးကို နှုတ်ခမ်းကြားညှပ်ပြီး နှုတ်ခမ်းနဲ့ဖိလိုက်ပါ။ ပြီးရင် ဖယ်လိုက်ပါ။

၇. အားလုံးပြီးပြီဆိုရင်တော့ Powder နဲ့ နှုတ်ခမ်းကို နည်းနည်းပုတ်လိုက်ပါ။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းနီဆိုးထားတာကို ကြာရှည်ခံစေပါတယ်။ ပိုပြီးလည်းလှစေပါတယ်။

Source:www.dermstore.com