အတိုဝတ်တဲ့သူတိုင်းကတော့ ခြေထောက်လေးတွေ လှချင်ကြတာပါပဲ။ ဒီလို ခြေထောက်လေးတွေ Glow ပြီး လှနေဖို့အတွက်ဆိုရင်တော့ ပုံမှန်လုပ်ပေးရမယ့်အရာတွေ ရှိပါတယ်။
Lotion အမြဲလိမ်းပါ
Lotion လိမ်းရင် လက်ပဲမလိမ်းပါနဲ့။ ခြေထောက်ကိုပါ သေချာလိမ်းပါ။ Lotion အမြဲလိမ်းမှ ခြေထောက်က စိုပြည်နေမှာပါ။ မဟုတ်ရင် အသားခြောက်ခြောက်ကြီးဖြစ်နေပါလိမ့်မယ်။
Exfoliate လုပ်ပါ
ခြေထောက်ကိုလည်း တစ်ပတ်တစ်ကြိမ် Exfoliate ပုံမှန်လုပ်ပေးပါ။ ဒါမှ အညစ်အကြေးတွေ၊ ကြေးတွေသန့်စင်ပြီး အသားအရေကြည်နေမှာပါ။
အဆီလိမ်းပါ
ခြေထောက်လေးတွေ Glow နေတာမျိုးလိုချင်ရင်တော့ အဆီလိမ်းပေးတတ်တဲ့ အကျင့်လုပ်ပါ။ သံလွင်ဆီ၊ အုန်းဆီ လိမ်းပေးလို့ရပါတယ်။
Sunscreen လိမ်းပါ
Sunscreen ကိုပုံမှန်လိမ်းပါ။ Sunscreen မလိမ်းရင် အသားအရေပျက်စီးပါလိမ့်မယ်။
ခြေသလုံးမွှေးတွေကိုသန့်ရှင်းပါ
ခြေသလုံးမွှေးတွေရှိရင် ရိတ်တာပဲဖြစ်ဖြစ်၊ ကပ်ခွာသုံးပြီးပဲဖြစ်ဖြစ် ရှင်းပစ်နိုင်ပါတယ်။ ခြေထောက်လေးတွေ Glow ပြီး လှနေချင်ရင်တော့ မျက်နှာလိုပဲ သေချာဂရုစိုက်ပြီး ပုံမှန်လုပ်ပေးမှ ရမှာပါ။