ဆံကေသာလေး ကျန်းမာသန်စွမ်းပြီး နူးညံ့ပျော့ပျောင်းချင်တာကတော့ မိန်းကလေးတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါပဲ။ ဒီလိုဆန္ဒလေးပြည့်ဝဖို့အတွက် အလှပြင်ဆိုင်သွားရ၊ ဆံပင်ပေါင်းတင်ရနဲ့ ဆံကေသာအလှကို နည်းမျိုးစုံနဲ့ ထိန်းသိမ်းနေကြရပါတယ်။

ဒီတစ်ခါမှာတော့ ဆံပင်ညှပ်ဆိုင်သွားပြီး အချိန်အကုန်ခံစရာမလိုသလို၊ ပိုက်ဆံမကုန်စေမယ့်သဘာဝနည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အချိန်ပေးလိုက်ရုံနဲ့ နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အဆင့် ၁

သင့်ဆံကေသာအတိုအရှည်ပေါ်မူတည်ပြီး ကြက်ဥတစ်လုံး (သို့) နှစ်လုံး အသုံးပြုပါ။ အဆီထွက်လွယ်တဲ့စေးကပ်ကပ်ဆံပင်ပိုင်ရှင်တွေဆိုရင်တော့ ကြက်ဥအကာကို အသုံးပြုပါ။ ခြောက်သွေ့ပျက်စီးတဲ့ ဆံပင်ပိုင်ရှင်တွေကတော့ ကြက်ဥအနှစ်အသုံးပြုပါ။ ပုံမှန်ဆံကေသာပိုင်ရှင်များကတော့ ကြက်ဥအနှစ်ရော အကာကိုပါ အသုံးပြုရပါမယ်။

အဆင့် ၂

ထို့နောက် ပန်းကန်လုံးထဲထည့်ပြီး ကြက်ဥကို မွှေခလောက်လိုက်ပါ။

အဆင့် ၃

ကြက်ဥမွှေခလောက်ပြီးတဲ့အခါ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နွားနို့ ပန်းကန်လုံးတစ်လုံးတို့ကို ကြက်ဥနဲ့ ရောပြီး ထပ်မွှေပေးလိုက်ပါ။ သံလွင်ဆီအစား အုန်းဆီအသုံးပြုလို့လည်း ရပါတယ်။

အဆင့် ၄

သံပုယိုရည်အနည်းငယ်ကို လောင်းထည့်ပြီး ထပ်မွှေခလောက်လိုက်ပါ။

အဆင့် ၅

ထို့နောက် ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။

အဆင့် ၆

ထို့နောက် အရည်များ တစက်စက်မကျဖို့နဲ့ မပေကျံစေဖို့ ခေါင်းစွပ်လေးစွပ်ထားလိုက်ပါ။

အဆင့် ၇

ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ကြက်ဥအနံ့ပျောက်ကင်းဖို့အတွက် မိမိကြိုက်နှစ်သက်ရာ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ Conditioner အသုံးပြုဖို့လည်း မမေ့ပါနဲ့နော်။ ဒီနည်းလမ်းလေးကို တစ်လမှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် နူးညံ့တောက်ပြောင်တဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

Source: www.wikihow.com