လေ့လာချက်များအရ ဆံကေသာက တစ်ရက်လျှင် ဝ.၃ မီလီမီတာမှ ဝ.၅ မီလီမီတာအထိ ရှည်လျားနိုင်ပြီး တစ်လလျှင် ၁.၅ စင်တီမီတာခန့်အထိ ရှည်လျားနိုင်ပါတယ်။ တစ်နှစ်ဆိုလျှင် ၁၂ စင်တီမီတာမှ ၁၅ စင်တီမီတာအထိ ရှည်လျားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီလိုရှည်လျားသန်စွမ်းဖို့အတွက် ရှောင်ရန်ရမယ့် အရာများရှိသလို လိုက်နာရမယ့်အရာများလည်း ရှိပါတယ်။

ဆံကေသာအဖျားလေးများကို တိပေးပါ

ဆံကေသာအဖျား တိပေးခြင်းအားဖြင့် ဆံပင်နှစ်ခွဖြစ်ပြီး ဆံကေသာ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်ပျော့ဆေးသုံးဖို့ မမေ့ပါနဲ့

ဆံပင်ပျော့ဆေးများက ဆံပင်ကို နူးညံပျော့ပျောင်းစေဖို့ ကူညီပေးပါတယ်။ သင့်ဆံကေသာက ဘယ်လိုအမျိုးအစားပဲဖြစ်နေပါစေ ပျော့ဆေးသုံးဖို့ လိုပါတယ်။

အုန်းဆီ ပုံမှန်လိမ်းပါ

အုန်းဆီက ဆံကေသာ သန်စွမ်းစေတဲ့ သဘာဝအဆီပဲဖြစ်ပါတယ်။ ဒါ့အပြင် ဈေးသက်သာပြီး ဝယ်ရလွယ်ကူတဲ့သဘာဝဆီပါ။ အုန်းဆီအပြင် သံလွင်ဆီကိုလည်း အစားထိုးအသုံးပြုနိုင်ပါသေးတယ်။

ပိုးထည်ခေါင်းအုံးစွပ် အသုံးပြုပါ

ရိုးရိုးခေါင်းအုံးစွပ်များက ဆံကေသာကို ပွတ်တိုက်မှုများစေပြီး ဆံပင်ရှည်နှုန်းကို တားဆီးနေကြပါတယ်။ ပိုးထည်ခေါင်းအုံးစွပ်ကတော့ ဆံပင်ရှုပ်ထွေးတာ ညှိတာ ကျိုးကြေပျက်စီးသွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်လေမှုတ်စက် အသုံးပြုမယ်ဆိုရင်

ဆံပင်လျှော်ပြီးပြီးချင်းမှာ စိုနေတဲ့ဆံပင်ကို သဘက်နဲ့ လုံးထွေးပစ်လိုက်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ဆံပင်ခြောက်ဖို့ရန်အတွက် လေမှုတ်စက်ဖြင့် ချက်ချင်းအသုံးမပြုဘဲ ဆံပင်က ၆၀ ရာခိုင်နှုန်းခန့် သဘာဝအတိုင်း ခြောက်သွေ့ဖို့ စောင့်ဆိုင်းသင့်ပါတယ်။ ပြီးမှ လေမှုတ်စက်နဲ့ ဆံပင်ခြောက်အောင် မှုတ်ပေးလိုက်ပါ။

ဆံကေသာကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ

နေလောင်ဒဏ်ကလည်း ဆံကေသာ ပျက်စီး ကျိုးကြေရခြင်းရဲ့တရားခံပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နေပူထဲထွက်တဲ့အခါ ဦးထုပ် (သို့) ထီးဆောင်းကာ အကာအကွယ် ယူသင့်ပါတယ်။

အစားအသောက်ကလည်း အရေးကြီးပါတယ်

သင် စားသောက်တဲ့အစားအစာတွေထဲမှာ Biotin ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ နွားနို့၊ ချိစ်၊ ကြက်ဥ၊ အခွံမာသီးများ၊ ဝက်သား၊ ငါးသေတ္တာ၊ ဆော်လမွန်ငါး၊ ဂေါ်ဖီထုပ်နှင့် ထောပတ်သီးတို့ များများ စားသုံးပေးသင့်ပါတယ်။ ထိုအစားအစာများက သင့်ဆံကေသာ အရှည်မြန်ပြီး ကျန်းမာသန်စွမ်းဖို့ ကူညီပေးနိုင်ပါတယ်။

Source:  Brightside.me