ဘဝမှာ ကြောက်စရာအကောင်းဆုံး အလုပ်တွေထဲ ယောက္ခမလောင်းနဲ့ တွေ့တဲ့အချိန်လည်း ပါဝင်ပါတယ်။ သူ့သားကို ကိုယ်က ယူတော့မှာမို့ သင်နဲ့သူကြားမှာ မမြင်နိုင်တဲ့ တင်းမာမှုလေးတွေ အနည်းနဲ့အများတော့ ရှိမှာပါပဲ။ သင်က ယောက္ခမ သဘောကျတာကိုပဲ လိုချင်မှာပါ။ ဒီတော့ အနာဂတ်ရဲ့ ယောက္ခမလောင်းက သင့်ကို သဘောကျလာဖို့ ပြုလုပ်နိုင်မယ့်အရာတွေကို ဖော်ပြပါရစေ။
၁။ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ
Photo Source: Favorite-Families
သူမက သင့်အပေါ်ဘယ်လောက်ပဲ တင်းမာပါစေ သင့်ဘက်က ရိုရိုသေသေဆက်ဆံသင့်ပါတယ်။ လူငယ်ကလူကြီးအပေါ် လေးစားမှုရှိရမယ်ဆိုတဲ့အတိုင်း သူမကို ယဉ်ယဉ်ကျေးကျေး ပြောဆိုသင့်ပါတယ်။
၂။ သူမသား ကောင်းကြောင်းတွေကို ပြောပါ
Photo Source: Someecards
ယောက္ခမရှေ့မှာ သူမရဲ့ သားကို နိုင်စားတာမျိုး၊ သားရဲ့ မကောင်းကြောင်း ပြောတာမျိုး သတိထားသင့်ပါတယ်။သင်က သင့်အမျိုးသား မကောင်းကြောင်း ပြောရင် သင့်ယောက္ခမက သားဘက်နေ ကာပြောဖို့ အခွင့်အလမ်းပိုများပါတယ်။
၃။ သူမ အကြောင်း သိအောင်လုပ်ပါ
Photo Source: Tosaylib
သူမက သင့်အကြောင်း စိတ်ဝင်စားသလို သူမရဲ့ ဘဝအခြေအနေကိုလည်း သင်က မေးမြန်းသင့်ပါတယ်။ လူတိုင်းကိုယ့်အကြောင်းကိုယ် ပြောချင်သူချည်းပါပဲ။
၄။ သူမကို ချီးကျူးပါ
Photo Source: Reader’s Digest
သူမ ချက်တဲ့ ဟင်းလျာတွေကို အရသာရှိကြောင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးသင့်ပါတယ်။ သူမကသင့်ချီးကျူးစကားတွေကို အပြင်ပန်း သဘောကျကြောင်း မပြရင်တောင် စိတ်ထဲ ကြည်နူးနေတတ်ပါတယ်။
၅။ သူမဆီက အကြံတောင်းပါ
Photo Source: The-Sun
သင့်အလုပ်ကိစ္စတွေအတွက် ယောက္ခမနဲ့ တိုင်ပင်တာ၊ အကြံတောင်းတာက သူမကို နေရာပေး
ရာ၊ လေးစားရာရောက်ပါတယ်။ သူမက သင့်ကို ပိုသဘောကျလာမှာ မလွဲမသွေပါပဲ။
၆။ သူမကို လက်ဆောင်ပေးပါ
Photo Source: Bridestory
အခါကြီးရက်ကြီးတွေမှာ သူမအတွက်လက်ဆောင်ဝယ်သွားသင့်ပါတယ်။ သင်ဖားနေတယ်ဆိုသည့်တိုင်အောင် ဒီအမူအရာက ကောင်းမွန်တဲ့ အမူအရာတစ်ခုပါ။
၇။ သူမကို ကူညီပေးပါ
Photo Source: Koopa-the-Band
သူမနဲ့ ဟင်းကူချက်တာ၊ သူမရဲ့ လုပ်ငန်းတွေမှာ သင်ပါ ဝိုင်းကူပေးတာက သင့်ကို အမှတ်တိုးစေမှာပါ။
၈။ သူမကို သဘောကျသယောင် သရုပ်ဆောင်ပါ
Photo Source: Readers-Digest
သင်က ယောက္ခမကို လုံးဝ သည်းမခံနိုင်သည့်တိုင်အောင် သူမကို မကြည်ဖြူတဲ့ အမူအရာမျိုး မပြသင့်ပါဘူး။ကိုယ့်ဘက်က သဘောထားပြည့်ပြည့်နဲ့ဆက်ဆံသင့်ပါတယ်။
By MyStyle Myanmar