လူတိုင်းလူတိုင်းရဲ့ ဘဝမှာဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေဆိုတာ ရှိကြပါတယ်။ ကိုယ့်ဘဝရဲ့ စိတ်ကူးအိပ်မက်တွေကိုလည်း တကယ်လက်တွေ့အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒတွေလည်းရှိကြမှာပါ။ အိပ်မက်တွေကဈေးကြီးတယ်လို့ တစ်ချို့ကတော့ ပြောကြပါတယ်။

ဟုတ်ပါတယ်။ ကိုယ်အိပ်မက်တွေက ဈေးကြီးလို့ လက်ပိုက်ပြီးပဲ ကြည့်နေမယ်ဆိုရင်တော့ ဘာမှရလာမှာမဟုတ်ပါဘူး။ တကယ်ဖြစ်ချင်တကယ်လုပ်ရမှာပါ။

ဒီနေ့မှာတော့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုက်နာရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ဝေခွဲမရမှုတွေကိုဖြိုခွဲပါ

ကိုယ့်ဘဝရဲ့ ရည်မှန်းချက်အိပ်မက်တွေပြည့်ဝဖို့ ဖုံးကွယ်နေတဲ့အရာတွေ ဝေခွဲမရခြင်းတွေကို ဖြိုခွဲဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်ဘာဖြစ်ချင်တာလည်း ကိုယ်ဘာလိုချင်တာလည်းဆိုတာ သိမြင်ပြီး ကိုယ်ံရဲ့ အိပ်မက်တွေကို ထင်ထင်ရှားရှားသိလာစေမှာပါ။

(၂) ယုံကြည်ချက်ကြီးကြီးထာပါ

လူတစ်ယောက်မှာရှိတဲ့ ပါဝါက စိတ်ပါပဲ။ စိတ်နဲ့ အရာရာကိုတည်ဆောက်လို့ ရသလို စိတ်နဲ့ အရာအရာကို အနိုင်ယူဖို့ရပါတယ်။ ဒီအတွက်အရေးကြီးဆုံးက သင်ကိုယ်တိုင်သင့်ရဲ့ အိပ်မက်တွေကို ယုံကြည်ချက်အပြည့်အဝထားဖို့ပါပဲ။

ကိုယ့်ရဲ့ စိတ်စွမ်းအားနဲ့ ယုံကြည်ချက်ပေါင်းပြီး အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တယ်ဆိုတာ သတိရပါ။

(၃) ရည်မှန်းချက်ရှိပါ

ရည်မှန်းချက်ဆိုတာ plan တွေ လုပ်ဆောင်ရမယ့် deadline တွေနဲ့ တည်ဆောက်ထားတဲ့ အိပ်မက်တစ်ခုပါ။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေပြည့်ဝဖို့ ဘယ်အရာတွေကနေ စတင်မယ်ဆိုတဲ့ Plan တွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေအကုန်လုံးကို စာရင်းပြုစုပြီး ကိုယ့်ရည်မှန်းချက်အတိုင်း လုပ်ဆောင်ပါ။ ရည်မှန်းချက်ရှိရင် ပန်းတိုင်ဆိုတာ မဝေးပါဘူး။

(၄) ကျရှုံးမှုတွေကိုမကြောက်ပါနဲ့

ဘာမှမလုပ်ရသေးဘူး ကြောက်စိတ်ဝင်နေမယ်ဆိုရင် ဒါဟာ ကျရှုံးမှုတစ်ခုပါပဲ။ အောင်မြင်မှုရှိရင် ကျရှုံးမှုဆိုတာလည်း ရှိပါတယ်။ ဘဝမှာကျရှုံးခြင်းတွေကိုကြောက်လန့်နေလို့မရပါဘူး။

အရှုံးတွေကိုသင်ခန်းစာယူပြီး အောင်မြင်မှုကိုရရှိအောင် ကြိုးပမ်းနိုင်ပါတယ်။ ဒါကြောင့် ကျရှုံးမှာ ကြောက်မနေပါနဲ့။ အခုပဲကိုယ့်ရဲ့ အိပ်မက်တွေနောက်လိုက်ကြည့်ပါ။