ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်ချစ်တဲ့ခံစားချက်က ဒီကမ္ဘာပေါ်က ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက အရာတစ်ခုပါပဲ့။ ဒါပေမဲ့ ကိုယ့်ကို ပြန်မချစ်နိုင်တဲ့လူတစ်ယောက်ကို ချစ်မိတဲ့အချိန်မှာတော့ ပူဆွေးရတဲ့ တစ်ဖက်သတ်အချစ်ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ကိုယ့်ဘက်က စချစ်မိတဲ့ဲ့ခံစားချက်က တကယ့်တော့မလွယ်ကူလှပါဘူး။ မိန်းကလေးတစ်ယောက်ဖြစ်နေရင် ပိုဆိုးတာပေါ့နော်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်တဖက်သတ်ကြိတ်ချစ်နေရတဲ့သူကို ကိုယ့်ကိုချစ်လာအောင်လုပ်ဖို့လည်း အင်မတန်ခက်ခဲလှပါတယ်။ ဒီလိုပြောလို့ လက်လျှော့ပစ်လိုက်ဖို့ မဆိုလိုပါဘူးနော်။

ဘာလို့လဲဆိုတော့ ဒီနေ့ဝေမျှပေးချင်တဲ့အကြောင်းအရာလေးက ကိုယ်တဖက်သတ်ကြိတ်Crushနေတဲ့သူက ကိုယ့်ကို ပြန်ပြီးကြွေကျလာစေဖို့ ပြုလုပ်နိုင်တဲ့လှည့်ကွက်တွေပဲ့ ဖြစ်ပါတယ်။ ဘယ်လိုလှည့်ကွက်လေးတွေဖြစ်မလဲဆိုတာ အဆုံးထိကြည့်လိုက်ပါနော်။

၁။ အမြဲစိတ်ညစ်တာတွေ စိတ်ဓါတ်ကျတာတွေကို မပြမိစေပါနဲ့

ဘယ်သူမှ အချိန်တိုင်း ငြီးငြူနေသူကို မကြိုက်ပါဘူး။ သင်ကိုယ်တိုင်လည်း အဲ့လိုငြီးငြူတတ်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်အချိန် အမြဲစိတ်ညစ်တတ်ပြလဲဆိုတော့ ကိုယ့် Crush က ကိုယ့်ကို စိတ်မဝင်စားတဲ့အချိန်ပါ။ စိတ်ညစ်တဲ့ Post တွေတင်တယ်၊ Profile တွေချိန်းတယ်။ အမြဲ Feel ပြတယ်။ ဒါတွေဟာ ငြီးငြူတဲ့သဘောပါပဲ။ သင့် Crush ရှေ့မှာ သင်ဘယ်လောက်ထိ ရူးသွပ်လဲမမြင်ပါစေနဲ့။

၂။ ယောကျာ်းတွေက ခက်ခဲတာကို ပိုသဘောကျတယ်

ခက်ခက်ခဲခဲရတဲ့အရာကိုမှ လူတွေက တန်ဖိုးထားတတ်ပါတယ်။ အမြဲချေနေရမယ်လို့မဆိုလိုပါဘူး။ ချေသင့်တယ်အချိန်ဆိုရင် ချေလိုက်ပါ။

၃။ သူ့အသိုင်းအဝိုင်းနဲ့ အဆင်ပြေအောင်နေပါ

ချစ်သူမဖြစ်သေးတော့ အသိုင်းအဝိုင်းထဲမှာ မိဘမပါသေးပါဘူး။ အထူးသဖြင့် သူ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေပါ။ သူ့အနားက လူတွေ သင့်ကို သဘောကျတဲ့အချိန်ဆို သူတို့က သင့် Crush ဆီမှာ သင့်အကြောင်းမေးတော့မှာပါ။ သူပတ်သက်နေတဲ့ အသိုင်းအဝိုင်းက သူ့ကို အလွှမ်းမိုးဆုံးပါ။ ဒီတော့ သင်က သူ့အသိုင်းအဝိုင်းကို ပြန်လွှမ်းမိုးပါ။

၄။ သူ့အရင်ရည်းစားဟောင်း

သူ့ရဲ့အရင်ရည်းစားဟောင်းနဲ့ ပုံစံတူအောင် ကြိုးစားပါ။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ပြောစရာပါပဲ။ ဒါပေမဲ့ လူတစ်ယောက်က အခြားတစ်ယောက်ကို စိတ်မဝင်စားခင် အရင်လူတွေနဲ့ နှိုင်းယှဉ်တတ်ပါတယ်။ သူ့အချစ်ကို လိုချင်ရင်တော့ ကြိုးစားရမှာပါပဲ။

၅။ သူအောင်မြင်မှုရတိုင်း အသိအမှတ်ပြုပေးပါ

သူတစ်ခုခုမှာ အောင်မြင်မှုရတဲ့အချိန်တိုင်း သင်က ချီးကျူးပါ။ မုန့်ဝယ်ကျွေးတာတွေ လုပ်ပေးပါ။

၆။ သူနဲ့စကားပြောတိုင်း လက်ဟန်ခြေဟန်အမူအရာလေးတွေ သုံးပါ

လေ့လာမှုတစ်ခုမှာယောကျာ်းလေးတွေက ကိုယ်နေဟန်ထား လှုပ်ရှားပြီး စကားပြောတဲ့ မိန်းကလေးတွေကို ပိုသဘောကျတယ်လို့ ဆိုထားပါတယ်။ ဒီတော့ သင်သူနဲ့ စကားပြောတိုင်း လက်ဟန်ခြေဟန်တွေ ပါပါစေ။

၇။ သင့်အကြောင်းအသေးစိတ်ကို သူ့ကိုမပြောပြပါနဲ့

လူတွေက လျို့ဝှက်တဲ့အရာတွေကို ပိုစိတ်ဝင်စားကြပါတယ်။ သင်ဘာတွေလုပ်လဲ၊ သင့်အကြောင်း အသေးစိပ်ကို သူ့ဆီမှာ မပြောပြပါနဲ့။ ထိန်ချန်သင့်တာတွေ ချန်ထားပါ။

၈။ သူ့အတွက် အမြဲအသင့်ရှိတာမျိုး မလုပ်ပြမိပါစေနဲ့

ချစ်တယ်ဆိုမှတော့ သူ့အနားမှာ အမြဲရှိချင်မှာပါ။ ဒါပေမဲ့ အမြဲ Available ဖြစ်နေတာက သင့်ကို သူလွမး်ဖို့ သတိရဖို့ အချိန်မပေးသလိုပါပဲ။ ဒီတော့ အမြဲအားယား ပြမနေပါနဲ့။

လူတစ်ယောက်ရဲ့အချစ်ကို ရဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ နည်းဗျူဟာတွေနဲ့ လှုပ်ရှားရင်တော့ သူ သင့်ကို တစ်နေ့ ကြွေလာမှာပါ။

Photo Source: Pinterest