သင် စားသုံးတဲ့ အစားအစာက သင့်အကြောင်းကို ဖော်ပြပေးနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။ တင်ပါး ကိတ်ချင်သူများအနေနဲ့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ဖို့လည်း လိုအပ်သလို မှန်ကန်တဲ့ အစားအစာများကို ရွေးချယ်စားသောက်ဖို့ကလည်း အရေးကြီးပါတယ်။

သင့်အနေနဲ့ တင်ပါးကိတ်ဖို့အတွက် ကြိုးစားနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်အလက်များကို လိုက်မှတ်ထားဖို့တော့ လိုမယ်နော်။

တင်ပါးကိတ်ချင်တယ်ဆိုတာကလည်း ဝိတ်တက်ချင်တဲ့သဘောပါပဲ။ ပုံမှန်ထက်ပိုပြီး အစားများများ စားဖို့လိုအပ်ပါတယ်။ ဘယ်လိုအစားအစာများကို အဓိကထား စားသုံးသင့်သလဲဆိုတော့…

ပရိုတင်းဓာတ်

သင့်အနေနဲ့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်တယ်။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်းမှာလည်း ပရိုတင်းရှိတ် သောက်သုံးဖို့ လိုပါတယ်။

သဘာဝပရိုတင်းဓာတ် ကြွယ်ဝတဲ့ တူနာငါး၊ ကြက်ဥနှင့် ဥအမျိုးမျိုး၊ ကြက်သား၊ ပဲအမျိုးမျိုး၊ အနီရောင်ရှိသော အသားနှင့် ငါးအမျိုးမျိုးတို့ကိုလည်း စားသုံးသင့်ပါတယ်။

ကာဘိုဟိုက်ဒြိုတ်ဓာတ်

ပေါင်မုန့်နှင့် ခေါက်ဆွဲများ စားမယ့်အစား အုတ်ဂျုံ၊ ဆန်လုံးညို၊ ကန်စွန်းဥ စတဲ့ ကာဘိုဟိုက်ဒြိုတ်ဓာတ် ကြွယ်ဝတဲ့အစားအစာများလည်း စားသုံးသင့်ပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ ပရိုတင်းဓာတ်နဲ့ ကာဘိုဟိုက်ဒြိုတ်ဓာတ် လွန်ကဲခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ထိုအာဟာရဓာတ်နှစ်မျိုးကိုတော့ ပမာဏကန့်သတ်ထားဖို့ လိုပါလိမ့်မယ်။

ကျန်းမာရေးနဲ့ ညီညွှတ်သော အဆီဓာတ်

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်များက သင့်ခန္ဓာကိုယ်ကို လိုအပ်သလို ပုံဖော်နိုင်အောင် ကူညီပေးပါတယ်။ ငါးကြီးဆီ၊ သံလွင်ဆီ၊ အယ်လ်မွန်သီး၊ သစ်ကြားသီး၊ မြေပဲထောပတ် စသည်တို့ကို မှီဝဲနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်များ

Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်များ ဖြစ်ကြသော ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန် စသည်တို့ကို များများ စားသုံးပေးပါ။

တစ်နေ့ကို အနည်းဆုံး အသီးတစ်လုံးစီ စားဖို့လည်း လိုအပ်ပါတယ်။

ဦးစားပေး ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

တင်ပါးကိတ်စေတဲ့ လေ့ကျင့်ခန်းများကတော့…

Lunges ပြုလုပ်ခြင်း

Photo: Gfycat.com

Butt Bridge လေ့ကျင့်ခန်း ပြုလုပ်ခြင်း

Photo: Shape.com

Squats ထိုင်ခြင်း

Photo: Thesource.lifetime.life

Squats ထိုင်နည်း အမျိုးမျိုးရှိတဲ့အတွက်ကြောင့် ထို Squats ထိုင်နည်းမျိုးစုံကို အချိန်ပေးပြီး လုပ်နိုင်လေ မိမိလိုချင်တဲ့ ခန္ဓာကိုယ်ကို မြန်မြန်ပုံဖော်နိုင်လေပါပဲ။

Source: Brightside.me