သင်က တစ်နေ့လုံး အလုပ်သွားပြိးတာနဲ့ ပင်ပန်းတာကြောင့် ပြန်လာတာနဲ့ ရေချိုးတယ်၊ ထမင်းစားတယ်၊ ပြီးတာနဲ့ ဇာတ်ကားကြည့်တယ်။ ဒါတွေနဲ့ပဲ သင့်အချိန်တွေက ကုန်ဆုံးနေတယ်ဆိုရင် သင့်ဘဝ တိုးတက်ပါဦးမလား ဆိုပြီး တွေးဖူးမှာပါ။ ဒီလိုတွေးတာက သင်မှားယွင်းနေတာကြောင့် မဟုတ်ပါဘူး။ တကယ်ကို အချိန်မရှိလို့ပါ။ ဒီတစ်ခေါက်မှာတော့ ပြန်ရောက်တဲ့အချိန်မှာတောင် ကိုယ့်ရဲ့အချိန်ကို အကျိုးရှိရှိ သုံးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို တစ်နာရီကြာ လုပ်စရာမလိုပါဘူး။ ခဏတဖြုတ် ချွေးထွက်အောင် လုပ်လိုက်တာနဲ့ သင့်ဆီမှာ Endorphin Hormone ထွက်လာပြီး သင့်ကိုယ်သင် ပိုကျေနပ်မှု ရှိလာပါလိမ့်မယ်။ ဒါ့အပြင် နောက်နေ့အလုပ်အတွက်ပါ အဆင်သင့် ဖြစ်စေပါလိမ့်မယ်။

၂။ စာဖတ်ပါ

အလုပ်က ပြန်လာပြီးရင်တောင် အချိန်ကို ကောင်းကောင်း အသုံးချချင်ရင် စာဖတ်သင့်ပါတယ်။ စာဖတ်တာက သင့်စိတ်ကို အပန်းပြေစေသလို ဗဟုသုတ များစွာ၊ အတွေးများစွာ ရစေနိုင်ပါတယ်။ စာဖတ်တာက တီဗီကြည့်တာထက် ပိုသာပါတယ်။

၃။ သူငယ်ချင်းတွေနဲ့တွေ့ပါ

မိတ်ဆွေတွေ၊ ချစ်ရသူတွေနဲ့ တွေ့ဆုံတာက အလုပ်မှာ ကြုံခဲ့တဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ခဏတဖြုတ် သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်မှာ ထိုင်တာမျိုးက သင့်ကို စိတ်ချမ်းသာစေပါလိမ့်မယ်။

၄။ Journal ရေးပါ

အလုပ်က ပြန်လာပြီးနောက် အလုပ်သင့်ဆုံး အရာကတော့ ငါးမိနစ်ဝန်းကျင်စာ စာအုပ်တစ်အုပ်ထဲမှာ ကိုယ့်အတွေးတွေ ချရေးတာမျိုး၊ ကိုယ်ဘာတွေလုပ်ခဲ့လဲဆိုတာတွေ ရေးသင့်ပါတယ်။ သင်က အချိန်ကြာလာလို့ ပြန်ကြည့်တဲ့အချိန် အရင်က ဘာတွေ ဖြစ်ခဲ့လဲ၊ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ပြန်ကြည့်နိုင်ပါတယ်။

၅။ ကိုယ့်အချိန်ကို ဖြုန်းနေတဲ့သူတွေကို ရှောင်ကြဉ်ပါ

တချို့လူတွေက သင့်အချိန်တွေကို ကုန်စေဖို့ပဲ စွမ်းဆောင်နိုင်ပါတယ်။ တွေ့ပြီး ဘာမှ အကျိုးမရှိသူတွေ ရှိပါတယ်။ သင်က အချိန်အများကြီး မအားသူမို့ ဒီလိုလူတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၆။ သန့်ရှင်းရေးလုပ်ပါ

သန့်ရှင်းတဲ့ နေရာ၊ အခန်းက သင့်စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ အလုပ်ပြန်လာပြီးနောက် သန့်ရှင်းရေး လုပ်လိုက်တာက သင့်ရဲ့ ရှုပ်နေတဲ့စိတ်ကို ပိုရှင်းသွားစေပါလိမ့်မယ်။

၇။ ရေချိုးတဲ့အခါ

စိတ်တွေ တင်းကျပ်နေရင် ရေချိုးတဲ့အချိန် Exfoliate လုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။ Body Scrub လုပ်တဲ့အခါ သင့်ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းကာ စိတ်ကြည်လင်စေပါလိမ့်မယ်။

၈။ ဖန်တီးပါ

သင့်စိတ်ကို တခြားတစ်နေရာ ရောက်စေမယ့် ဖန်တီးရတဲ့ အရာမျိုးတွေကို လုပ်သင့်ပါတယ်။ ပန်းချီဆွဲတာ၊ အရောင်ခြယ်တာမျိုးတွေက ဖုန်းသုံးတာထက် ပိုသာပါတယ်။

၉။ ပေါ့ပေါ့ပါးပါးပဲ နေပါ

သင်က အပေါ်က ပြောခဲ့တာတွေကို လုံးဝ မလုပ်ချင်ဘူးဆိုရင်လည်း သင့်ကိုယ်သင် အပြစ်တင်စရာ မလိုပါဘူး။ သင်ကြည့်ချင်တဲ့ ဇာတ်လမ်းကြည့်ကာ တစ်နေ့တာ အမောတွေကို ဖြေဖျောက်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar