Conditioner က သင့်ဆံပင် Care လုပ်တဲ့ လုပ်ငန်းစဉ်မှာ အရေးပါတဲ့ ပစ္စည်း ဖြစ်ပါတယ်။ Conditioner ကို မသုံးဘူးဆိုရင် သင့်ဆံပင်က ကြမ်းနိုင်သလို ထိန်းသိမ်းရ ခက်ခဲတတ်ပါတယ်။ အခုဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ Conditioner ပျော့ဆေးကို အထိရောက်ဆုံး သုံးနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအတိုင်း လုပ်မယ်ဆိုရင် သင့်ဆံပင်က Conditioner ရဲ့ အကျိုးကျေးဇူးကို ပိုရရှိပါလိမ့်မယ်။

၁။ သင့်ဆံပင်အတွက် ရည်ရွယ်တဲ့ ပျော့ဆေးကို သုံးပါ

သင့်ဆံပင်အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ Conditioner မျိုးကို ဈေးကွက်ထဲ ရှာဝယ်သင့်ပါတယ်။ ဥပမာ- သင်က ဆံပင်ခြောက်သွေ့သူဆိုရင် အစိုဓာတ် အပြည့်ပေးမယ့် Conditioner မျိုး ရှာဝယ်တာ လုပ်သင့်ပါတယ်။

၂။ ရေချိုးရင်းနဲ့ Conditioner ကို ခဏထားပေးပါ

သင်က Conditioner သုံးပြီးနောက် ချက်ချင်းဆေးချတာမျိုး မလုပ်သင့်ပါဘူး။ ရေချိုးတဲ့အချိန် လုပ်စရာရှိတဲ့ တခြားအလုပ်တွေကို စောင့်ရင်း လုပ်နေနိုင်ပါတယ်။ သင့်ဆံပင်ကို လက်နဲ့ ဖြီးလိုက်တာနဲ့ ချောမွေ့ပြီး ဖြီးရလွယ်မှ Conditioner ကောင်းလို့ ဆိုနိုင်ပါတယ်။

၃။ အကုန် ဆေးမချပစ်ပါနဲ့

ဒါက နည်းနည်းတော့ လုပ်ရခက်ပါတယ်။ ပျော့ဆေးအကုန်လုံး ဆေးချတာမျိုး လုပ်လိုက်ရင် သူ့အာနိသင်တွေ အကုန် ရေနဲ့ ပါသွားနိုင်ပါတယ်။ သင့်ဆံပင်က ပျော့ပြီး ကျန်ခဲ့တယ်ဆိုရင် ဒါက သင့်တော်တဲ့ အတိုင်းအတာပါပဲ။

၄။ Conditioner သုံးဖို့ မမေ့ပါနဲ့

သင်သုံးတဲ့ ရှန်ပူက Sulfate Free မဟုတ်ရင် ဆံပင်က ကြမ်းပြီး ကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် Conditioner ပျော့ဆေး အဆင့်ကို လုံးဝ ချန်ထားလို့ မရပါဘူး။

၅။ ပျော့ဆေး အပြောင်းအလဲလုပ်ပါ

သင့်ဆံပင်က သုံးနေတဲ့ Product ကို နေသားကျပြီး ဘာမှ မထူးခြားတော့တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျော့ဆေးနဲ့ ပေါင်းဆေးကို တစ်ခါတလေ ပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။

၆။ Deep Conditioner ကို တစ်ပတ်မှာတစ်ခါလောက် သုံးပါ

တစ်ပတ်မှာ တစ်ခါလောက် သင့်ဆံသားထဲ ပျော့ဆေးလုံလောက်စွာ ဝင်လောက်တဲ့အချိန်အထိ Treatment လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် သင့်ဆံပင်အရင်ထက် ပျော့ပြောင်း နူးညံ့လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar