မျက်လုံးမှေးတဲ့သူတွေအနေနဲ့ အလှပြင်တဲ့အခါမှာ မျက်လုံးကို သေချာလေးခြယ်သပေးမယ်ဆိုရင် မျက်လုံးလေးဝိုင်းကြီး ပုံမှန်ထက်ပိုကြီးသွားသလိုဖြစ်အောင် လုပ်လို့ရပါတယ်။ အဓိကကတော့ မျက်လုံးကို ခြယ်သတဲ့အချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိဖို့ပဲလိုပါတယ်။

ဒါကြောင့် မျက်လုံးမှေးမှေးလေးတွေကို မျက်လုံးကြီးသလိုဖြစ်သွားအောင် လုပ်ပေးနိုင်မယ့်အရာက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

မျက်ခုံးကို သေချာပုံသွင်းပါ။

မျက်ခုံမွှေးကို သေချာပုံသွင်းပေးမှ မျက်လုံးလေးပိုပေါ်မှာပါ။ မျက်ခုံမွှေးပုံမသွင်းထားရင် တစ်ခုခုလိုနေသလိုဖြစ်ပြီး မလှဘူးနော်။

Source: www.haarentfernung.net

မျက်တောင်ကို သေချာကော့ပေးဖို့ မမေ့ပါနဲ့။

မျက်တောင်ကို ဒီတိုင်း Mascara နဲ့ တန်းမကော့ပဲ မျက်တောင်ကော့တံလေးနဲ့ အရင်ကော့လိုက်ပါ။ ပြီးမှ Mascara နဲ့ ထပ်ကော့ပါ။ ဒါမှ မျက်တောင်ကပိုကော့ပြီး မျက်လုံးကျယ်သွားသလို ဖြစ်စေမှာနော်။

Source: www.womensok.com

မျက်ကွင်းညိုတာတွေကို ဖုံးပေးပါ။

မျက်ကွင်းညိုနေရင် လုံးဝမလှပါဘူး။ မျက်လုံးမှေးတဲ့သူဆိုရင် ကိုယ့်မျက်လုံးလေးပိုပေါ်ပြီး ကြီးသယောင်ဖြစ်ဖို့ မျက်ကွင်းညိုတာအတွက် Concealer ဖုံးပေးပါ။

Source: www.huffingtonpost.com.au

Eyeshadow အရောင်လင်းတာလေးတွေ ခြယ်ပါ။

Eyeshadow မခြယ်ပဲမနေပါနဲ့။ Eyeshadow အရောင်လင်းတာလေးတွေကို ခြယ်ပေးမှ မျက်လုံးလေးပိုပေါ်ပြီး မှေးမှန်း မသိသာစေမှာပါ။

Source: www.stylo.grid.id

Shimmer or Glitter သုံးပေးပါ။

Shimmer တို့ Glitter တို့က အလက်လက်လေးတွေဖြစ်လို့ မျက်လုံးထောင့်မှာပဲဖြစ်ဖြစ်၊ မျက်ခွံမှာပဲဖြစ်ဖြစ်  ခြယ်ပေးလိုက်ရင် မျက်လုံးလေးလင်းပြီး ပိုပေါ်လွင်စေသလို အရမ်းလည်းလှပါတယ်။

Source: Source: www.m.en.stylenanda.com

Eyeliner ဆိုးပေးပါ။

မျက်လုံးကျယ်ချင်ရင်၊ မျက်လုံးလေးပိုပေါ်ပြီး ကြီးနေသလိုလေးဖြစ်ချင်ရင် Eyeliner ကို မဖြစ်မနေဆိုးပေးပါ။ အရမ်းကြီးမဆိုးပဲ Eyeliner ကို မျက်တောင်နားကပ်ပြီး တစ်ကြောင်းထဲ ပါးပါးလေးဆွဲပေးပါ။

Source: today.line.me

အဖြူရောင် Pencil Liner သုံးပေးပါ။

မျက်ခမ်းစပ်နားမှာ အဖြူရောင် Pencil Liner လေးခြယ်ပေးရင် မျက်လုံးကို ပုံမှန်ထက် ပိုကြီးပြီး ဝိုင်းသွားစေပါတယ်။

Source: www.womensok.com

Eyeliner ကို မျက်လုံးအောက်ပါခြယ်ပေးပါ။

မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပိုကြီးသွားချင်တယ်၊ မျက်ဝန်းနက်နက်လေးဖြစ်ချင်တယ်ဆိုရင်တော့ Eyeliner ကို မျက်လုံးအောက်မှာပါ ဆွဲပေးလိုက်လို့ရပါတယ်။ အရမ်းအများကြီးခြယ်တာမျိုးထက် ပါးပါးလေးပဲခြယ်ပေးဖို့တော့လိုပါမယ်။

Source: www.youtube.com

မျက်အိတ်ဖောင်းနေတာမျိုးမဖြစ်ပါစေနဲ့။

မျက်အိတ်ဖောင်းနေရင် မျက်လုံးက ပုံမှန်ထက်တောင် ပိုမှေးသွားစေပါတယ်။ ဒါကြောင့် မျက်အိတ်ဖောင်းတာမျိုးမဖြစ်အောင် ဂရုစိုက်ပေးပါ။

Source: www.womensok.com