အမျိုးသမီးတို့ ဘုန်း ဆံထုံးဆိုတဲ့ စကားပုံရှိပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာအလှဟာ အမျိုးသမီးတွေရဲ့ အလှကို ပိုမိုတင့်တယ်ဆိုရင် ငြင်းပယ်နိုင်စရာရှိမယ် မထင်ပါဘူး။

ရှေးယခင်ကတည်းက ဆန်ဆေးရည်ကို အလှအပအတွက် အသုံးပြုလာခဲ့ကြတာပါ။ ဆန်ဆေးရည်မှာပါတဲ့ Antioxidant ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ဆံကေသာတွေ ကျန်းမာသန်စွမ်းဖို့ အထူးသင့်တော်ပါတယ်။

ဒါ့အပြင် ဆံကေသာ ကျန်းမာသန်စွမ်းဖို့လိုအပ်တဲ့ သံဓါတ်၊ သွပ်ဓါတ်နဲ့ Bcomplex ဓါတ်တွေပါဝင်ပါတယ်။

ပါဝင်ပစ္စည်း

ဆန်

ရေ

ပြုလုပ်နည်း

ဆန်ကို တစ်ရေ ၂ ရေလောက်ဆေးလိုက်ပါ။ ပြီးရင် ခွက်အကြီးတစ်လုံးထဲမှာထည့်ထားပြီး ရေ ၃ ခွက်လောက်ထည့်ပါ။

ပြီးရင် ပလတ်စတစ်နဲ့ ဖုံးလိုက်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ စိမ်ထားပါ။

အဲဒီနောက် ရေဆစ်လိုက်ပြီး ပလတ်စတစ်နဲ့ထပ်ဖုံးလိုက်ကာ အခန်းထဲမှာ တစ်ရက် (သို့) တစ်ညထားပါ။

နောက်တစ်နေ့မှာ အနံ့က ချဉ်စုတ်စုတ်ထွက်လာပါလိမ့်မယ်။

အဲဒီရေကို ဆူအောင်တည်ပြီး အအေးခံပြီးမှ ခေါင်းလျှော်နိုင်သလို ဒီအတိုင်းလည်း လျှော်လို့ရပါတယ်။

ဇလုံးအကြီးတစ်ခုထဲကို လောင်းထည့်ပြီး ခေါင်းပေါ်မှာ လောင်းချပေးပါ။ ပြီးရင် ရေစင်စင်ဆေးချလိုက်ရုံပါပဲ။