အားလုံးပဲမင်္ဂလာပါနော်။ ချွေးပေါက်ကျယ်တဲ့သူတွေအတွက် မိတ်ကပ်လိမ်းတဲ့အခါ ချွေးပေါက်မသိသာအောင် ချွေးပေါက်ကျယ်တာလေး ဖုံးသွားအောင် ဘယ်လိုလိမ်းရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ မိတ်ကပ် Primer သုံးပါ

မိတ်ကပ် Primer ကိုမဖြစ်မနေသုံးပေးပါ။ ချွေးပေါက်ကျဉ်းစေသလို အဆီပြန်တာကိုလည်း သက်သာစေပါတယ်။

၂။ ဖောင်ဒေးရှင်းသုံးပါ

ဖောင်ဒေးရှင်းကို သုံးပေးသင့်ပါတယ်။ ဖောင်ဒေးရှင်းကတော့ သင့်ချွေးပေါက်ကို ဖုံးပေးနိုင်ပါတယ်။

၃။ ပေါင်ဒါသုံးပါ

ပေါင်ဒါ (သို့) Setting Powder ကိုသေချာလေး သုံးပေးသင့်ပါတယ်။

၄။ မိတ်ကပ် Brush လေးတွေနဲ့လိမ်းပါ

ပေါင်ဒါလိမ်းတဲ့အခါမှာရော ဖောင်ဒေးရှင်းတွေ Primer တွေလိမ်းတဲ့အခါမှာရော မိတ်ကပ် Brush လေးတွေနဲ့ သေချာလေးသုံးပေးသင့်ပါတယ်။ Brush လေးတွေက မိတ်ကပ်သားကို နေရာနှံ့စေပြီး မိတ်ကပ်ကို ပြေပြေလေးဖြစ်စေပါတယ်။

လိမ်းပုံအဆင့်ဆင့်

၁။ အရင်ဆုံး မျက်နှာသေချာသစ်လိုက်ပါ။ ပြီးရင်တော့ တိုနာနဲ့ Moisturizer လိမ်းပေးလိုက်ပါ

၂။ Primer ကိုလိမ်းပေးပါ။ အသားထဲ စိမ့်ဝင်သွားတဲ့အထိ သေချာလိမ်းပေးသင့်ပါတယ်။

၃။ ဖောင်ဒေးရှင်းကို မိတ်ကပ် Brush နဲ့ သေချာလိမ်းပေးပါ။ နှံ့စပ်အောင်လိမ်းပေးပါ။ ဒါမှ အသားထဲ စိမ့်ဝင်သွားပြီး အသားနဲ့ တစ်သားတည်းဖြစ်စေမှာဖြစ်ပါတယ်။

၄။ ပေါင်ဒါလိမ်းလိုက်ပါ။ သင့်မျက်နှာကို ဖုံဖုံလေးဖြစ်စေပြီး အလှဆုံးဖြစ်နေစေမှာပါနော်။

Source: www.stylecraze.com