အိမ်မှာ DIY Pore Strips တွေလုပ်ကြည့်ဖူးလား ? အမည်းစက်တွေဖယ်ဖို့ ဆိုင်ကဝယ်သုံးတဲ့ Pore Strips တွေက ပုံမှန်သုံးရင် ဈေးလည်း ကြီးသလို သုံးပြီးသွားရင် ချွေးပေါက်ကျယ်တာ ၊ စေးကပ်ကပ်ဖြစ်တာ ၊ အမည်းစက်တွေ မကုန်တာ အမျိုးမျိုးဖြစ်တတ်ပါတယ်။

ဒါဆို အိမ်မှာဘဲ သဘာဝပါဝင်ပစ္စည်းတွေကိုသုံးပြီး DIY Pore Strips လုပ်ကြည့်ပါ။ ပိတ်ဆို့နေတဲ့ အရေပြားပေါ်က အညစ်အကြေးတွေ၊ အဆီတွေနဲ့ ဆဲလ်သေတွေကို ရှင်းပေးနိုင်ပါတယ်။

Egg White Pore Strips

အရင်ဆုံး မျက်နှာသစ်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ အနှစ်ဖယ်ထားတဲ့ ကြက်ဥအကာကို အမည်းစက်ရှိတဲ့နေရာတွေမှာ လိမ်းပေးပါ။ အပေါ်ကနေ စက္ကူထပ်ကပ်ပေးပါ။ စက္ကူကပ်သွားအောင် အသာလေးဖိထားပေးပါ။ မိနစ် ၂၀ လောက်ကြာရင် စက္ကူကိုဖယ်ပြီး ရေနဲ့မျက်နှာသစ်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးပါ။

Sugar And Honey Strips

ဒယ်အိုးအသေးတစ်လုံးထဲ သကြားနဲ့ ပျားရည်ကိုရောပြီး အပူပေးလိုက်ပါ။ နှစ်ခုရောသွားပြီဆိုရင် အေးအောင်ထားပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ လိမ်းပြီး အနည်းဆုံး 15 မိနစ်ခန့် ထားပေးပါ။ ပြီးမှ ဖြည်းဖြည်းချင်းခွာပြီး ရေနဲ့မျက်နှာသစ်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးပါ။

Baking Soda Strips

Baking Soda ဇွန်းတစ်ဝက်နဲ့ ကြက်သီးနွေးရေ ½ ခွက်ရောပြီးရင် စက္ကူကိုတစ်ဝက်လောက်ခေါက်ပြီး နှစ်လိုက်ပါ။ အနည်းဆုံး 10-15 မိနစ် သို့မဟုတ် ခြောက်သွားသည်အထိ ထားပေးပါ။ ပြီးမှ စက္ကူကိုဖယ်လိုက်ပါ။ ကျန်နေတဲ့အကြွင်းအကျန်တွေကို ရေနဲ့သစ်ပြီး မျက်နှာကို ခြောက်အောင်သုတ်လိုက်ပါ။

Gelatin Pore Strips

ဇလုံတစ်ခုထဲ gelatin Gelatin နဲ့ နွားနို့ တို့ကို ရောမွှေပါ။ Gelatin ပျော်ပြီး ပျစ်လာတဲ့အထိ မွှေပေးပါ။ စက္ကန့် 20 လောက်အပူပေးပြီးရင် အအေးခံပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ လိမ်းပေးပါ။ လုံးဝခြောက်အောင်ထားလိုက်ပါ။ ပြီးမှ Mask ကို ဖြည်းဖြည်းချင်းခွာပြီး ရေနဲ့သစ်ပေးပါ။

Honey And Cinnamon Strips

ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ဇလုံတစ်ခုထဲရောမွှေပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ လိမ်းပြီး ဂွမ်းစနဲ့ အုပ်လိုက်ပါ ။ ၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးမှ ဂွမ်းစကို ဖယ်ပြီး မျက်နှာကို ရေအေးနဲ့ ဆေးပါ။ ပြီးရင်တော့ အသားအရေကို Moisturizer လိမ်းပေးပါ။