မင်္ဂလာပါ… ပျိုမဒီတို့ရေ… လက်သည်းနီဆိုးတာက သင့်လက်လေးကို ပိုပြီးလှပစေတာမှန်ပေမယ့် အမြဲဆိုးတဲ့အခါ လက်သည်းတွေ ဝါတာ ၊ ပျက်စီးတာတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ လက်သည်းနီဆိုတာကနေ အနားယူပြီး လက်သည်းတွေ အသက်ရှုဖို့ အချိန်ပေးသင့်ပါတယ်။

ကျန်းမာပြီး တောက်ပတဲ့လက်သည်းများရဖို့ မီးဖိုချောင်ကနေအလွယ်ရနိုင်တဲ့ပစ္စည်းတွေကို သုံးလို့ရပါသေးတယ်။ မီးဖိုချောင်သုံး ပစ္စည်းတော်တော်များများမှာ လက်သည်းကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Antioxidants တွေ ပါဝင်တာကြောင့် လက်သည်းများကို သန်မာစေပြီး တောက်ပြောင်စေပါတယ်။ ဒါကြောင့် အားတဲ့အချိ်န်စမ်းကြည့်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှလိုက်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီက အကောင်းဆုံး သဘာဝဆေးတစ်မျိုးဖြစ်ပြီး ပျက်စီးသွားတဲ့လက်သည်းတွေကို ကုသနိုင်ပါတယ်။ နွေးတယ်ဆိုရုံလေး အပူပေးထားတဲ့ သံလွင်ဆီထဲကို မိနစ်လောက်ထားပြီး ချည်လက်အိတ် ဝတ်ထားပါ။ တစ်နာရီလောက် ထားပြီးရင် လက်ပြန်ဆေးပြီး လက်နဲ့ လက်သည်းကို Moisturizer လိမ်းပေးပါ။

နွားနို့

အချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာ နွားနို့ပူပူထဲ လက်သည်းတွေကို နှစ်လိုက်ပါ။ နို့ကနေ အာဟာရဓာတ်ကို စုပ်ယူနိုင်ဖို့ မိနစ်နည်းနည်းလောက်စောင့်ပါ။ ပြီးမှ လက်ပြန်ဆေးပြီး လက်နဲ့ လက်သည်းကို Moisturizer လိမ်းပေးပါ။

Rose Water

ကြွပ်ဆတ်ပြီး မွဲခြောက်နေတဲ့ လက်သည်းတွေကို Rose Water နဲံ ပုံမှန်စိမ်ပေးခြင်းက လက်သည်းတွေကို အစိုဓာတ်ရရှိစေပါတယ်။ Rose Water ရဲ့ အာဟာရဓာတ်က လက်သည်းတောက်ပြောင်ဖို့ သော့ချက်ပါပဲ။

Petroleum Jelly

Vaseline tub သေးသေးလေးကို လက်ကိုင်အိတ်ထဲမှာ ဘယ်သွားသွား ဆောင်သွားပါ။ လက်ဆေးပြီးတိုင်း လက်သည်းတွေကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး လက်သည်းများကို ထာဝရ တောက်ပစေပါတယ်။