သဝန်တိုလွန်းအားကြီးတာက ချစ်သူတွေကြားမှာ မကောင်းဘူးလို့ပြောကြပေမယ့် လုံးဝသဝန်မတိုတာလည်း မကောင်းပြန်ပါဘူး။ အဖြူရောင် သဝန်တိုတာလေးရှိမှလည်း ချစ်သူတွေကြားဆက်ဆံရေးက ပိုပြီးအသက်ဝင်လာမှာပါ။ ဒါကြောင့် သင့်ချစ်သူက သင့်ကို သဝန်တိုအောင် အာရုံစိုက်လာအောင် အရင်ထက်ပိုဂရုစိုက်တာမျိုးလိုချင်ရင် ဒီအချက်လေးတွေကို လုပ်လို့ရပါတယ်။

တခုသတိထားရမှာက အရာရာတိုင်းက တန်ဆေးလွန်းဘေးဆိုတာမျိုး ရှိတာမလို့ လွန်လွန်ကျူးကျူးလုပ်မိရင် ပြသနာတွေဖြစ်လာတာ ၊ မလိုလားအပ်တဲ့ ရလဒ်ရလာတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် သတိထားပါ။

သင့်ပုံစံကို ပြောင်းလဲပါ

အပြင်ထွက်တဲ့အခါ အရင်နဲ့မတူတဲ့ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားမျိုးကိုပြောင်းဝတ်ပါ။ ဒါမှမဟုတ် ဆံပင်ပုံစံအသစ် ပြောင်းလိုက်ပါ။ မိတ်ကပ်လိမ်းပြီး ဒေါက်မြင့်ဖိနပ်စီးပါ။ ဘယ်သူနဲ့တွေ့မယ်ဆိုတာ မပြောပါနဲ့။ သေချာပေါက် စိတ်ဝင်တစားနဲ့ မေးခွန်းတွေ လိုက်လာပါလိမ့်မယ်။ သူ့မေးခွန်းတွေကို ရှောင်ဖို့ ဒါမှမဟုတ် အဖြေတစ်ခုခုပေးမယ့်အစား ပြုံးပြလိုက်ပါ။

ရယ်စရာကောင်းတဲ့အကြောင်း ပြောပြပါ

အမျိုးသားအများစုအတွက်တော့ ဒါက ထိတ်လန့်စရာကိစ္စတစ်ခုပါ။ သူတို့ကောင်မလေးကို ရယ်အောင်လုပ်နိုင်တဲ့ တစ်ဦးတည်းသောယောက်ျားက သူတို့ဘဲဖြစ်ချင်ကြပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က ဘယ်လောက်ရယ်စရာကောင်းလဲ ဒါမှမဟုတ် သူငယ်ချင်းနဲ့ပေါင်းရတာ ဘယ်လောက်ပျော်ရလဲ သူ့ကိုပြောပြပါ။ ဒါဆို သူ့အာရုံက သင့်ဆီ ပြန်ရောက်လာလိမ့်မယ်။

Social Media မှာ Active ဖြစ်အောင်နေပါ

သူငယ်ချင်းတွေနဲ့အပြင်သွားတဲ့ပုံတွေကို သူမြင်အောင် Social Media မှာတင်ပါ။ သွားတာတွေကို တိုက်ရိုက်အသိမပေးဘဲ ပုံတွေကတစ်ဆင့် သင်ဘာတွေလုပ်နေလဲဆိုတာ သူမြင်ပါစေ။ ဒါဆို သင့်ကို အများကြီး အာရုံစိုက်လာပါလိမ့်မယ်။ သူက သင့်ကိုပြန်ဂရုစိုက်လာပြီဆိုရင်တော့ သူပြန်လာတဲ့အခါ အချစ်တွေအများကြီးပြန်ပေးလိုက်ပါ။

စာပြန်မပို့ပါနဲ့

သူဖုန်းခေါ်တာနဲ့ စာပို့တာတွေအားလုံးကို ချက်ချင်းပြန်မဖြေပါနဲ့။ အချိန်နည်းနည်းလောက်ယူပြီးမှ ပြန်ဖြေပါ။ ဒါမှ သူသတိထားမိပြီး သင့်ချစ်ခြင်းမေတ္တာနဲ့မလွဲဖို့ သူကြိုးစားလာမှာပါ။

ယောကျာ်းလေးသူငယ်ချင်းအကြောင်းပြောပါ

သူ့အာရုံကိုဖမ်းစားနိုင်ဖို့ ယောက်ျားလေးသူငယ်ချင်းအကြောင်း သူ့ကိုစပြီး ပြောကြည့်ပါ။ သူဘယ်မှာရောက်နေလဲ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ သူ့ကိုပြန်ရှာသင့်လားဆိုတာ သူ့ကို ပြောပြပါ။ ဒါဆို သူ့အာရုံက သင့်ဆီ ပြန်ရောက်လာပါလိမ့်မယ်။