ဆံပင်ပါးတဲ့သူတွေက ဆံပင်အရမ်းအုံထူချင်ကြပါတယ်။ ဒီလို ဆံပင်အုံထူပြီး ဆံပင်အမြစ်ကအစ သန်စွမ်းနေစေဖို့အတွက် ပြုလုပ်ရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်အမြစ်ကအစ သန်စွမ်းနေမှလည်း ဆံပင်ကျွတ်တာမျိုး မဖြစ်မှာပါ။ ဒါမှလည်း ဆံပင်အုံထူမှာပါ။ ဆံပင်ကျွတ်နေရင်တော့ ဘယ်လောက်ပဲအုံထူအောင်လုပ်လုပ် ဆံပင်ပါးသွားပါလိမ့်မယ်။

အစားအသောက်ကိုဂရုစိုက်ပါ

ဆံပင်ကျွတ်စေတဲ့ အစားအသောက်တွေကိုရှောင်ပါ။ Biotin, Iron, Zinc, Omega-3, Omega 6 fatty acids တွေက ဆံပင်သန်စွမ်းစေဖို့ အရမ်းအထောက်အကူဖြစ်စေလို့ စားသုံးပေးပါ။

ရေများများသောက်ပါ

ရေသောက်နည်းရင်လည်း ခန္ဓာကိုယ်က dehydrated ဖြစ်ပြီး ဆံပင်ပိုကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်အမြစ်ကစပြီး သန်စွမ်းစေဖို့ ရေများများသောက်ပေးပါ။

Stress တွေလျော့ကျအောင်လုပ်ပါ

Stress တွေများနေရင်လည်း ဆံပင်အရမ်းကျွတ်ပါတယ်။ ဆံပင်ကျွတ်ရင် ဆံပင်အုံထူဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Stress တွေရှိနေရင် လျော့ကျအောင်လုပ်ပါ။

အရက်နဲ့ဆေးလိပ်သောက်တာရှောင်ပါ

ဆံပင်အုံထူပြီး ဆံပင်အမြစ်ကနေစပြီး သန်စွမ်းကျန်းမာစေဖို့ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကို ရှောင်သင့်ပါတယ်။

ဆံသားကိုဂရုစိုက်ပါ

ဆံသားကိုဂရုမစိုက်ပဲနဲ့တော့ ဆံပင်အုံထူလာမှာမဟုတ်ပါဘူး။ ခေါင်းလျှော်တိုင်းမှာ conditioner သုံးပေးပါ။ တစ်ပတ်တစ်ခါ ဆံပင်ပေါင်းတင်ပေးပါ။ ဆံပင်ကို အဆီပုံမှန်လိမ်းပေးပါ။ ဆံပင်ခဏခဏဆိုးတာ၊ အပူချောင်းတွေ ခဏခဏဆိုးတာမျိုး မလုပ်ပါနဲ့။ dryer မသုံးပဲ towel နဲ့ပဲသုတ်ပြီး ဆံပင်ခြောက်အောင်လုပ်ပါ။

ထောပတ်သီး၊ ငှက်ပျောသီးနဲ့ ဆံပင်ပေါင်းတင်နည်း

ဆံပင်အုံထူပြီး ဆံပင်အမြစ်ကနေစပြီး သန်စွမ်းစေဖို့ ထောပတ်သီး၊ ငှက်ပျောသီးနဲ့ ဆံပင်ပေါင်းတင်နည်းကိုပါ မျှဝေပေးလိုက်ပါတယ်။ ထောပတ်သီးက proteins နဲ့ vitamins ကြွယ်ဝစွာပါဝင်လို့ ဆံသားချောမွေ့စေတယ်။ ဆံပင်သန်စွမ်းစေပါတယ်။ ငှက်ပျောသီးကတော့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်လို့ ဆံသားတောက်ပြောင်စေပါတယ်။

ထောပတ်သီးနဲ့ ငှက်ပျောသီးကို ဆတူရောချေပြီး ဆံပင်လိမ်းတဲ့ oil တစ်ခုခုထည့်ကာ ရောမွှေပေးပါ။ ကျေညက်အောင်ချေပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ ဆံပင်အမြစ်ကနေ အဖျားအထိကို သေချာနှံ့အောင် သုတ်လိမ်းပေးပါ။ လိမ်းပြီးလို့ ခြောက်သွားပြီဆိုရင် ရေကြက်သီးနွေးလေးနဲ့ ဆေးချပြီး ခေါင်းလျှော်ပါ။

ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်တစ်ကြိမ် (သို့) တစ်ပတ်နှစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။