မင်္ဂလာပါ….. ပျိုမဒီတို့ရေ….ဆံသားကောင်းပြီး မွေးဖွားလာသူပဲဖြစ်ဖြစ်၊ ယာယီဆံပင်ကျွတ်တာပဲဖြစ်ဖြစ်၊ ရေရှည်ကြုံနေရလို့ပဲဖြစ်ဖြစ်၊ ဆံပင်ကို ပိုထူလာစေချင်တာက မိန်းကလေးတွေရဲ့သဘာဝပါပဲနော် ။ ဆံပင်ကိုချက်ချင်းပိုထူလာစေဖို့ အတွက်တော့ ဖြတ်လမ်းနည်းတွေ မရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာသန်စွမ်းတဲ့ဆံပင်ကို ပိုင်ဆိုင်နိုင်ဖို့အတွက်တော့ နည်းလမ်းတွေ အများကြီးရှိပါတယ်နော်။

အခုဖော်ပြပေးမယ့်နည်းတွေက ဆံပင်ကို သဘာဝအတိုင်းထူလာစေဖို့ နေ့တိုင်းလုပ်ပေးလို့ရတာမလို့ ဆံပင်ထူချင်တယ်ဆိုရင် လုပ်ပေးဖို့မမေ့ပါနဲ့နော်။

အာဟာရမျှတအောင်စားပေးပါ

ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကို စားပေးတာက ကျန်းမာရေးအတွက် အကောင်းဆုံး လုပ်နိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ အစားအသောက်က အသားအရေကို တောက်ပစေပြီး ဆံပင်နဲ့ လက်သည်းတွေကို သဘာဝအတိုင်း ကြီးထွားလာအောင် ကူညီပေးနိုင်ပါတယ်။

ဦးရေပြားကို နှိပ်နယ်ပေးပါ

ခေါင်းမလျှော်ခင် နဲ့ ခေါင်းလျှော်နေတုန်းမှာ လက်ချောင်းထိပ်ကလေးတွေနဲ့ ဦးရေပြားကို စက်ဝိုင်းပုံစံ နှိပ်ပေးပါ။ ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်ကို သဘာဝအတိုင်း ကြီးထွားလာစေနိုင်ပြီး ဆံပင်ကို ပိုထူလာစေနိုင်ပါတယ်။

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

ခရမ်းလွန်ရောင်ခြည်က ဆံပင်နှင့် ဦးရေပြားကို ထိခိုက်စေနိုင်တဲ့အပြင် ဆံပင်ကို ကျိုးကျေ ပါးလွှာစေပြီး မွဲခြောက်စေပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများလွန်းတာက ဆံပင်ကြီးထွားမှုပေါ်မှာ အမှန်တကယ်အကျိုးသက်ရောက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ တိုးလာတာနဲ့အမျှ ဆံပင်ကျွတ်တာကလည်း ပိုလာတာ အမှန်ပါ။

အစိုဓာတ်ကို ထိန်းသိမ်းပါ

ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်းက ထူထဲပြီး ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို ကြီးထွားလာဖို့ အများကြီးကူညီပေးပါတယ်။