မိန်းကလေး အများစုက ဆံပင်အတို ညှပ်မိလိုက်တဲ့အချိန် ဒါမှမဟုတ် ကတုံး တုံးထားပြီး ဆံပင်ရှည် ပြန်ထားတဲ့အချိန် စတဲ့ အချိန်တွေမှာ ဆံပင်အမြန် ရှည်ချင်ကြပါတယ်။ ဆံပင်ရှည်ဖို့က စိတ်ရှည်ဖို့ လိုသလို အချိန်လည်း အများကြီး စောင့်ရတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မှော်အစွမ်းနဲ့ ဆံပင်ရှည်လာအောင် ဖန်ဆင်းလိုက်သလို ဆံပင်အရှည်မြန်စေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

ပရိုတင်းဓာတ်နဲ့ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးပါ

သင့်ရဲ့ ဆံပင်နဲ့ လက်သည်းတွေကို ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ သင့်ဆံပင်အရှည်မြန်ဖို့ ပရိုတင်းပါတဲ့ အစားအသောက်နဲ့ နို့ထွက် ပစ္စည်း အစားအသောက်တွေကို ပုံမှန်စားပေးသင့်ပါတယ်။ ဒိန်ချဉ်၊ ကြက်ဥ၊ နွားနို့၊ ကြက်သားနဲ့ ပဲအမျိုးမျိုး စတာတွေကို စားပေးဖို့ လိုပါတယ်။

ပုံမှန် ဆီထည့်ပေးပါ

Photo Source: Hairstory

အိန္ဒိယ လူမျိုးတွေဆိုရင် ဆံပင်အရှည်မြန်ဖို့ ဆီပုံမှန် ထည့်တဲ့ နည်းလမ်းကို ဟိုးပဝေသဏီထဲက သုံးခဲ့ကြပါတယ်။ သင့်အနေနဲ့ ဆီ အာနိသင်ကို ပိုထိရောက်စေချင်ရင် ဆီနှစ်မျိုးလောက်ကို ရောလိမ်းပေးသင့်ပါတယ်။ ဆံပင်အတွက် အကောင်းဆုံး ဆီတွေကတော့ ကြက်ဆူဆီ၊ ဗီတာမင်အီး၊ သံလွင်ဆီ၊ အုန်းဆီနဲ့ ထောပတ်သီး အဆီတို့ ဖြစ်ပါတယ်။ ဆီအာနိသင် ထိရောက်စွာ စိမ့်ဝင်စေဖို့ လိမ်းပြီးနောက် အနည်းဆုံး ၁၂ နာရီကနေ ၁၄ နာရီ ထားသင့်ပါတယ်။

ဆံပင်စည်းပေးပါ

Photo source: Instructables

ဆံပင်ကို ကျစ်ဆံမြီး ပုံစံ ကျစ်ပေးတာက ဆံပင်ပိုအရှည်မြန်စေပါတယ်။ ဘာလို့ဒီလို အရှည်မြန်တာလဲဆိုတော့ ကျစ်ဆံမြီးကျစ်လိုက်တဲ့အခါ ဆံပင်က လေထုညစ်ညမ်းမှုနဲ့ အထိအတွေ့နည်းပြီး ဆံသားကို ပိုသန်မာလာစေလို့ပါ။

Sulphate မပါတဲ့ ရှန်ပူနဲ့ ပျော့ဆေးကို သုံးပါ

ဆံပင်အတွက် ရန်သူကတော့ Sulphate ဓာတ်ပါ။ Sulphate က ဆံပင်အရောင်ကို မှိန်စေပြီး ဆံသား ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Shampoo နဲ့ Conditioner ကို ဝယ်တဲ့အခါ Sulphate မပါတာကို ဝယ်သင့်ပါတယ်။

ရေများများသောက်ပြီး အသီးများများ စားပေးပါ

တစ်နေ့မှာ ရေပုံမှန် ၂ လီတာ သောက်ပေးဖို့ လိုပါတယ်။ ရေသောက်ပေးတာက ဆံသားကို တောက်ပစေကာ အသားအရေကိုပါ ကြည်လင်စေပါတယ်။ အသီးများများ စားပေးသင့်တဲ့ အကြောင်းအရင်းကတော့ အသီးထဲ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆံပင်အရှည်မြန်ဖို့ ကူညီပေးလို့ပါ။

Photo Source: Pinterest

By MyStyle Myanmar