ပူအိုက်လို့ပဲဖြစ်ဖြစ် ဆံပင်ရှုပ်တာ သက်သာစေဖို့ပဲဖြစ်ဖြစ် ဆံပင်ကို အားလုံးသိမ်းပြီး ထုံးနည်းကို မျှဝေပေးချင်ပါတယ်နော်။

ဒီလိုမျိုး ဆံပင်ထုံးလိုက်ပြီးရင်လည်း လုံးဝကို အကြိုက်တွေ့သွားမှာတော့ သေချာပါတယ်။ လည်ပင်းနားမှာ ဆံပင်ရှုပ်နေရင် လူက ပူအိုက်သလိုလို စိတ်ရှုပ်သလိုလို ခံစားရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းလေးက ပူအိုက်တာ စိတ်ရှုပ်တာ သက်သာစေမှာ သေချာပါတယ်။

အရင်ဆုံး ဆံပင် ခပ်မြင့်မြင့်လေးစည်းလိုက်ပါ။ ပြီးရင် ဆံပင်ကို လိမ်ပြီး ရစ်ပတ်လိုက်ကာ ဆံထုံးထုံးသလို ထုံးပေးပါ။

အဖျားနာကို ကလစ်အမည်းနဲ့ နာနာထိုးလိုက်ပါ။ တစ်ချို့ဆံပင်က တချောင်းတည်းနဲ့ အဆင်ပြေပေမယ့် တစ်ချို့က ဆံပင်ပွတတ်လို့ မဆင်မပြေဖြစ်တတ်ပါတယ်။ အဲဒီအခါ ဆံပင်ပွတဲ့နေရာတွေကို သေချာစုပြီး ကလစ်နဲ့ ထိုးပေးပါ။

ပဲလေးများချင်ရင်တော့ ဆံပင်ရှေ့မှာ နည်းနည်းလေး ချလိုက်ပါနော်။

နောက်တစ်နည်းလေးကတော့

ဆံပင်ကို စောစောကလိုပဲ ခပ်မြင့်မြင့်လေးစည်းလိုက်ပါ။

ပြီးရင် ဆံပင်နည်းနည်းကို ချန်ထားပါ။ ဆံပင်များတဲ့အပိုင်းကို ဆံထုံးထုံးပေးလိုက်ပြီး ကလစ်နဲ့ ညှပ်ပေးပါ။ ကျန်တဲ့ဆံပင်နည်းနည်းကို ကျစ်ဆံမြီးကျစ်ပြီး ဆံထုံးအောက်ခြေမှာ ပတ်လိုက်ပါ။ ပြီးရင် ကလစ်ထိုးလိုက်ပါ။

ဘယ်လိုဝတ်စုံပဲဝတ်ဝတ် အဆင်ပြေနေမှာနော်။ နွေရာသီမှာ ဂါဝန်လေးနဲ့ဝတ်တာဖြစ်ဖြစ် ဂျင်းနဲ့ တီရှပ်တွဲဝတ်တာပဲဖြစ်ဖြစ် ဒီလိုဆံပင်ပုံလေးက ပေါ့ပေါ့ပါးပါးရှိစေမှာပါ။