ဒီတစ်ခေါက်မှာတော့ အိမ်မှာပဲ ဆံပင် ပျော့အောင် ပြုလုပ်နိုင်မယ့် Homemade Conditioner ဖန်တီးနည်းကို ဖော်ပြပါရစေ။ ခေါင်းလျှော်ပြီးနောက် ဆံပင်ပျော့ဖို့ ပျော့ဆေးကို မဖြစ်မနေ လိမ်းပေးရပါတယ်။ Conditioner ကိုတော့ ဆံသား လှပချင်တဲ့ ပျိုမေတိုင်း ပိုင်ဆိုင်သင့်ပါတယ်။ သင်က လက်ရှိ အိမ်ပြင်ထွက်ဖို့ အဆင်မပြေဘူးဆိုရင် အခုဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ Homemade Conditioner ပြုလုပ်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-

၁။ ထောပတ်သီး တစ်လုံး

သင် လိုချင်တဲ့ ပျော့ဆေး ပမာဏအလိုက် ထောပတ်သီးကို တစ်ဝက် ဒါမှမဟုတ် တစ်လုံး ထည့်ပေးနိုင်ပါတယ်။ ထောပတ်သီးက ဆံသားကို ချောမွေ့ တောက်ပစေပါတယ်။

၂။ ပျားရည် တစ်ဇွန်း

ပျားရည်က ဆံသားကို စိုပြေစေပါတယ်။ ဆံပင် စိုစိုလေး လိုချင်တဲ့ ပျိုမေတွေအနေနဲ့ ပျားရည်က ဆေးစွမ်းကောင်းပါပဲ။

၃။ သံလွင်ဆီ ၃ ဇွန်း

သံလွင်ဆီက ဆံပင်ကို စိုပြေစေပြီး ဆံပင်ရှည်ခြင်း ဖြစ်စဉ်မှာ ကူညီပေးပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဆံပင်ကျိုးတာ လျော့ပါးစေပါတယ်။

၄။ ကြက်ဥ တစ်လုံး

ကြက်ဥက ဆံသားအတွက် အသင့်တော်ဆုံး ဖြစ်တာကိုတော့ ပျိုမေတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ ဆံသား စိုပြေစေပြီး ဆံပင်အရှည်မြန်စေပါတယ်။

Photo Source: PureWow

ဒီပါဝင်ပစ္စည်း လေးမျိုးကို Blender ထဲ ထည့်ပြီး ကျိတ်ပေးရပါမယ်။ ရလာတဲ့ Conditioner အနှစ်ကို ဆံသားနဲ့ ဦးရေပြားပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် Shower Cap နဲ့ ဆံပင်အုပ်ပေးရပါမယ်။ အုပ်ပြီးနောက် ၁ နာရီ ထားပေးရပါမယ်။

၁ နာရီ ထားပြီးနောက် ခေါင်းလျှော်နိုင်ပါပြီ။ ခေါင်းလျှော်ပြီးနောက်မှာတော့ Deep Conditioner ရဲ့ အကျိုးသက်ရောက်မှုကို သိသိသာသာ ခံစားရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar