အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မိတ်ကပ်အများကြီး အထူကြီးမလိမ်းချင်တဲ့ သူတွေအတွက် သဘာဝကျကျလေးနဲ့ လှနေစေမယ့် မိတ်ကပ် Look လေးကို မျှဝေပေးချင်ပါတယ်။

တောင်ကိုရီးယား နာမည်ကျော် Blogger တစ်ဦးဖြစ်တဲ့ Pony ရဲ့ မိတ်ကပ်ပြင်ဆင်မှုလေးတွေနဲ့အတူ မျှဝေပေးလိုက်တာမို့ Pony ရဲ့ ပရိသတ်တွေကော မိတ်ကပ်ချစ်သူ စာဖတ်သူတို့ပါ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။ ဘယ်လိုလိမ်းရမလဲ ကြည့်လိုက်ရအောင်။

အရင်ဆုံး မျက်နှာကို တိုနာ ၊ Moisturizer တွေလိမ်းပေးလိုက်ပြီး Primer လိမ်းပေးလိုက်ပါ။

ပြီးရင်တော့ အောက်ခံ Base ကို လိမ်းပေးရပါမယ်။ အဲဒီနောက် Concealer နဲ့ မျက်ကွင်းညိုတာ၊ မျက်နှာမှာ အမာရွတ်ရှိတာတွေ၊ အမည်းစက်တွေကို ဖုံးလိုက်ပါ။

ဒါပြီးရင်တော့ Powder မိတ်ကပ်ကိုလိမ်းပေးပါ။

ပြီးသွားရင်တော့ မျက်ခုံးမွှေးဆွဲမှာဖြစ်ပါတယ်။

မျက်လုံး လိမ်းချယ်မှုအတွက်တော့ သင့်မျက်လုံးကို အညိုရောင်လေးနဲ့ ရွှေရောင်လေးပဲ သုံးပေးလိုက်ပါ။

ပြီးရင်တော့ မျက်တောင်လေးတွေကိုကော့ပေးလိုက်ပြီး Mascara လေးနဲ့ ထပ်ကော့ပေးလိုက်ပါ။

မျက်လုံးအတွက်းဖက်ကို အညိုရောင်လေးနဲ့ ထပ်ပြီး Eyeliner ဆိုးသလို ဆိုးလိုက်ပါမယ်။

ပြီးရင်တော့ နှုတ်ခမ်းနီ ပန်းရောင် (သို့) လိမ္မောရောင်ဖျော့ဖျော့လေးနဲ့ ပါးနီလေးဆိုးပေးလိုက်ပါ။

အဲဒီနောက် Eyeshadow ကို နှုတ်ခမ်းအတွင်းဖက်နည်းနည်းဆိုးလိုက်ပြီး Lip Gloss လေးဆိုးပေးလိုက်ပါ။

ဒါဆိုရင်တော့ သဘာဝကျကျလေးနဲ့ လှနေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားပါပြီနော်။

Source: Pony Syndrome

By: MyStyle Myanmar