မင်္ဂလာပါ…ပျိုမဒီတို့ရေ…. ခေါင်းကို ရောမွှေထားတဲ့ ငှက်ပျောသီးလိမ်းရတာ ထူးဆန်းတယ်လို့ ထင်ကောင်းထင်ရပေမယ့်  ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ရှင်သန်လာစေဖို့ရန်အတွက် တကယ်အသုံးဝင်ပါတယ်။

ငှက်ပျောသီးမှည့်မှာ အစိုဓာတ်ပါဝင်မှု မြင့်မားပြီး ဗီတာမင် A၊ B6၊ C နဲ့ D၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တို့လို အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ ဒီအာဟာရဓာတ်တွေက ဆံကေသာကို သန်စွမ်းစေပြီး ပျော့ပျောင်း တောက်ပြောင်စေပြီး ထိန်းညှိပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၁ လုံးမှ ၂ လုံး
  • သံလွင်ဆီ ၁ ဇွန်း ( သို့မဟုတ် ) ပျားရည် ၁ ဇွန်း

 

ပြုလုပ်ပုံအဆင့်ဆင့်

ဌက်ပျောသီးကို အကုန်လုံးကျေညက်တဲ့အထိ ရောမွှေကြိတ်လိုက်ပါ။

ဆီ သို့မဟုတ် ပျားရည်ကို ရောမွှေပြီး နောက်ထပ် 10-30 စက္ကန့်လောက် မွှေပေးပါ။

ဆံပင်ကိုလေးပိုင်းပိုင်းပြီး သမအောင်မွှေထားတဲ့ဌက်ပျောသီးကို အရင်းကနေ အဖျားအထိ လိမ်းပေးပါ။ လိမ်းတဲ့အခါ နှံ့စပ်အောင် လိမ်းပေးပါ။

Shower Cup နဲ့ 5-30 မိနစ်လောက်ထားပေးပါ။ ဆံပင်ကို မျက်နှာသုတ်ပဝါနဲ့ အုပ်တာက နွေးထွေးစေပြီး အာဟာရဓာတ်များ ဆံသားအတွင်းသို့ စိမ့်ဝင်အောင် ကူညီပေးပါတယ်။

အချိန်ပြည့်သွားရင် ကြက်သီးနွေးရေအေးလေးနဲ့ ပြောင်နေအောင် သေချာစွာဆေးကြောပါ။ ဆံပင်မှာကျန်ခဲ့တဲ့ အညစ်အကြေးတွေက ဦးရေပြားကို ယားယံစေနိုင်ပါတယ်။