အိမ်မှာ လက်သည်းဖျက်တဲ့အခါ DIY လက်သည်းဖျက်ပုလင်းလေး လုပ်ထားရင် တစ်ခါသုံး ဂွမ်းလုံးတွေ အများကြီး ၊ Cotton Pads တွေအများကြီးနဲ့ အလုပ်မရှုပ်တော့ပါဘူး။ DIY လက်သည်းဖျက်ပုလင်းက လုပ်ရတာလွယ်သလို အများကြီးလည်းမလိုပါဘူး။

ဒါကတော့လိုတဲ့ပစ္စည်းတွေပါ။

အဖုံးပါတဲ့ဘူး
လက်သည်းဖျက်ဆေး
Sponge

1. Sponge ကိုဖြတ်ပါ

Sponge ကို ကတ်ကြေးနဲ့ အရင်ဆုံးအလျားတဝက်ဖြစ်အောင် ဖြတ်လိုက်ပါ။

2. ဘူးထဲထည့်ပါ

Sponge ကို တစ်ဝက်ဖြတ်ပြီးတာနဲ့ ပုံထဲကအတိုင်း နှစ်ခုထပ်လိပ်ပြီး ဘူးထဲကိုထည့်လိုက်ပါ။

3. Nail Polish Remover

ပြီးရင် ပုလင်းထဲ လက်သည်းဖျက်ဆေးကို လောင်းထည့်ပေးပါ။ ပုလင်းအပြည့်ထည့်စရာမလိုဘဲ Sponge တွေလုံးဝစိုတဲ့အထိ ထည့်ရုံပါပဲ။

4.လက်ထည့်ပြီးသုံးပေးပါ

လက်သည်းဖျက်ဆေးထည့်ပြီးသွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းထိပ်ကို Sponge ထဲထည့်ပြီး လှည့်ပေးပါ။