ပုလဲလုံးလေးတွေလို ဖြူဝင်းလှတဲ့ သွားလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) ဘာတွေသောက်ဖြစ်လဲ ပြန်ကြည့်ပါ
ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုလာ ဒါမှမဟုတ် ဝိုင်နီလိုမျိုး အဖြူရောင် ရှပ်အင်္ကျီတွေကို စွန်းထင်းစေတဲ့သောက်စရာမှန်သမျှဟာ သွားကြွေလွှာကိုလည်း စွန်းထင်းစေနိုင်ပါတယ်။
ဒီလို Drinks တွေ နေ့တိုင်းသောက်ဖြစ်ရင် လျှော့သောက်ဖို့ အကြံပြုချင်ပါတယ်။ Drinks တစ်ခုခု သောက်ပြီးသွားတဲ့အခါမှာလည်း ခံတွင်းကို ရေနဲ့ ပလုတ်ကျင်းပေးပါ။
(၂) အခြေခံ သွားကျန်းမာရေး အဆင့်တွေကို လိုက်နာပါ
တစ်နေ့ကို မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် ပုံမှန်သွားတိုက်ပါ။ အစာစားပြီးတိုင်းမှာ ပလုတ်ကျင်းပါ။ သွားတိုက်တံကို ၃ လ / ၄ လ တစ်ကြိမ် သို့မဟုတ် သွားတိုက်တံရဲ့ အမွေးအမှင်တွေ ဖျော့တော့လာပါက အသစ်လဲပါ။
အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်ပါ။ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ခံတွင်းအနံ့ဆိုးတွေကို ရှင်းထုတ်ဖို့ ခံတွင်းသန့်စင်ဆေးရည်နဲ့ ဆေးကြောပါ။ သွားကျန်းမာရေးအတွက် တစ်နှစ်ကို နှစ်ကြိမ်ခန့် သွားဆရာဝန်နဲ့ ဆေးစစ်မှု ခံယူသင့်ပါတယ်။
(၃) Whitening ပါတဲ့ သွားတိုက်ဆေးသုံးပါ
သွားလေးတွေကို ဖြူဝင်းတောက်ပချင်တယ်ဆိုရင် သွားဖြူစေမယ့် Whitening ပါတဲ့ သွားတိုက်ဆေးကို သုံးဖို့အကြုံပြုချင်ပါတယ်။ Whitening ပါတဲ့ သွားတိုက်ဆေးတွေက သွားကြွေလွှာပေါ်က အစွန်းအထင်းနဲ့ အညစ်အကြေးတွေကို ဖယ်ရှင်းသန့်စင်ပေးပြီး သွားလေးတွေကို ဖြူဝင်းတောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။
(၄) Braces တပ်ပါ
သွားလေးတွေ ညီညီညာညာနဲ့ ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိချင်တယ်ဆိုရင်တော့ Braces ဖို့ သွားဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ Braces တပ်တာက ၆ လ ကနေ ၁ နှစ်ကြား အချိန်ပေးဖို့ လိုသလို ကုန်ကျစရိတ်လည်း များပါတယ်။ ဒါကြောင့် Braces မတပ်ခင် ဆရာဝန်နဲ့ သေချာတိုင် ပင်ပြီး လိုအပ်တယ်ဆိုမှသာ တပ်ဖို့အကြံပြုချင်ပါတယ်။