ဆံပင်ကောက်ပြီးရင် ပုံကျနေဖို့ ကောက်သားတွေပေါ်နေဖို့က အိမ်မှာ သေချာလေးထိန်းသိမ်းမှသာ ပုံကျပြီး အမြဲလှနေမှာပါ။ ဒါကြောင့် ကောက်ထားတဲ့ဆံပင်လေးတွေ မပျက်စီးဖို့နဲ့ ပုံကျလှနေဖို့ အိမ်မှာ အခုပြောပြမယ့်နည်းတွေအတိုင်း ဂရုစိုက်ပေးပါ။

ဆံပင်ကောက်ပြီးရင် အနည်းဆုံး ၄၈ နာရီထားပြီးမှ လျှော်ပေးပါ။ ဒီအချိန်မှာ ဆံပင်ကို ရေစိုတာ ၊ ချည်တာ ၊ ထုံးတာတွေလည်း မလုပ်ပါနဲ့။

ခေါင်းလျှော်ပြီးတိုင်း Conditioner ကိုသေချာသုံးပေးပါ။ သုံးတဲ့ပစ္စည်းကတွေကလည်း ဆံပင်ကို ခြောက်စေပြီး ကျွတ်စေနိုင်တဲ့ အယ်လ်ကိုဟောပါတဲ့ ထုတ်ကုန်တွေကို ရှောင်ပါ။

Dryer သုံးတဲ့အခါ Blow Dry နဲ့ ဖြောင့်‌အောင် မှုတ်တာတွေက ဆံပင်ကို ဖွာပြီး ပျက်စီးစေရုံသာမက ကောက်သားတွေကိုလည်းပြေစေပါတယ်။ အပူကြောင့် ဆံပင်မပျက်စီးအောင် Heat Protectant များကို သုံးပါ။ ကောက်သားပုံကျပြီး လှစေဖို့ Diffuser ကို သုံးပါ။

ခေါင်းလျှော်ပြီး ဆံပင်ဖြီးတဲ့အခါ နူးညံ့နေဖို့ အရေးကြီးပါတယ်။ ဆံပင်ရေစိုနေချိန်မှာ ဖြီးတာက ဆံသားကို ကျိုးကြေပျက်စီးစေနိုင်တာမလို့ ဖြည်းဖြည်းဖြီးပါ။ ဖြီးတဲ့အခါ လက်ချောင်း ဒါမှမဟုတ် အသွားကျဲတဲ့ဘီးကို သုံးပါ။