၂၀၂၄ ခုနှစ် နှစ်သစ်ကိုရောက်ပြီဆိုတော့ ရည်မှန်းချက်အသစ်တွေ ပြောင်းလဲမှုအသစ်တွေနဲ့ နှစ်သစ်ကို စတင်ကြရမှာပါ။ ပြီးခဲ့တဲ့နှစ်မှာ ကိုယ့်ကိုယ်ကိုချစ်ဖို့မေ့လျော့နေခဲ့တယ်ဆိုရင်တောင် အခုကစပြီး ကိုယ့်ကိုယ်ကိုပိုချစ်လိုက်ပါ။

ကိုယ့်ကိုယ်ကိုချစ်တာက ဖြတ်သန်းရမယ့် ဘဝ တစ်လျောက်လုံးမှာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေရစေပါတယ်။ ဘာတွေလဲဆိုတော့

ရင့်ကျက်လာစေတယ်

ကိုယ့်ကိုယ်ကိုချစ်ခြင်းက ကျန်းမာသန်စွမ်းခြင်းတွေနဲ့ ဘဝအတွေ့အကြုံများစွာကြားမှာကြံ့ကြံ့ခိုင်နိုင်တဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဖြစ်စေမယ့် ရင့်ကျက်ခြင်းတွေကိုရရှိစေပါတယ်။ ဘဝမှာတွေ့ကြုံရမယ့် စိန်ခေါ်မှုအသစ်တွေမှာ ကောင်းမွန်တဲ့ရလဒ်တွေထွက်ဖို့ စွမ်းဆောင်နိုင်စွမ်းတိုးတက်စေဖို့ ကိုယ့်ကိုယ်ကို ချစ်ခြင်းကလွန်စွာအရေးပါပါတယ်။

ယုံကြည်မှုတိုးစေတယ်

ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးခြင်းက သင့်အနေနဲ့ ဘဝမှာ ဘာပဲလုပ်လုပ်ကောင်းမွန်စွာလုပ်နိုင်ခြင်း မည်သည့်အတားအဆီးတွေကိုမဆို ကောင်းစွာကိုယ်တွယ်ဖြေရှင်းနိုင်ခြင်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်း စတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေကို ရရှိစေပါတယ်။ ကိုယ်ကိုယ့်ကိုချစ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေတိုင်းကို ယုံကြည်မှုရှိစွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေ ခံစားလာရမယ်

လူအများစုထင်ထားတာက တခြားသူတွေကို အချစ်တွေပေးတာက ပျော်ရွှင်ရစေတယ်လို့ လက်ခံထားကြတာပါ။ ဒါဟာ အတိုင်းအတာတစ်ခုထိတော့ မှန်ပေမယ့် စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ခံစားရစေတာကတော့ ကိုယ့်ကိုယ်ကိုချစ်ခြင်းမှ တပါးတခြားမရှိနိုင်ပါဘူး။ ဒါကြောင့် သင့်ဘဝမှာ ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားရစေချင်ရင် ကိုယ့်ကိုယ်ကိုချစ်ဖို့မမေ့သင့်ပါဘူးနော်။