ဝိတ်ကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာပျင်းနေတဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဝိတ်ကျစေမယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

အစားအသောက်ကိုသေချာဂရုစိုက်ပါ

လေ့ကျင့်ခန်းမလုပ်ပဲဝိတ်ကျချင်ရင်တော့ အစားအသောက်ကို သေချာဂရုစိုက်မှပဲ ရပါလိမ့်မယ်။ အဆီအစိမ့်တွေ၊ အချိုမုန့်တွေ၊ အချိုရည်တွေကို ရှောင်ရပါမယ်။ သရေစာမုန့်စားမယ့်အစား အသီးအရွက်၊ အသီးအနှံတွေကိုသာ များများစားပေးပါ။ မနက်စာကိုလုံးဝအလွတ်မခံပါနဲ့။ မနက်စာကို အာဟာရရှိအောင်စားပါ။ နေ့လည်စာနဲ့ ညနေစာကို ထမင်းနည်းနည်း၊ အသီးအရွက်များများ၊ အသားတစ်တုံး စားပေးပါ။ ညနေစာကို ၆ နာရီမထိုးခင်မှာ စားပေးပါ။

ရေကိုပုံမှန်ထက် ၂ ဆ ပိုသောက်ပါ

ရေများများသောက်လေ ဝိတ်ကျလေပါပဲ။ ရိုးရိုးရေကို ပုံမှန်သောက်နေကျထက် ၂ ဆ ပိုသောက်ပေးပါ။ ဗိုက်ဆာရင် အပေါ်မှာပြောခဲ့သလို အသီးအရွက်၊ အသီးအနှံစားပါ။ စားစရာမရှိရင် ရေသာများများသောက်ပါ။ ညနေ ၆ နာရီနောက်ပိုင်းမှာလည်း ရေကိုသာ များများသောက်ပေးပါ။

အစာစားပြီးတိုင်း လမ်းလျှောက်ပါ

အစားစားပြီးတိုင်းမှာ ထိုင်နေရင်၊ လှုပ်ရှားမှုမရှိရင် ဝိတ်တက်၊ အဆီတက်မှာပါပဲ။ ဒါကြောင့် အစာစားပြီးတိုင်းမှာ ၁၅ မိနစ်လောက် လမ်းလျှောက်ပေးရပါမယ်။

လှေကားအတက်အဆင်းများများလုပ်ပါ

လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျချင်ရင် လှေကားအတက်အဆင်းသာ များများလုပ်ပါ။ ဝိတ်ကျစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင်တော့ လှုပ်လှုပ်ရှားရှားနေပေးမှ ဖြစ်ပါမယ်။ လှုပ်ရှားမှုနည်းရင်တော့ ဝိတ်မကျတဲ့အပြင် ဝိတ်တောင်ပိုတက်လာပါလိမ့်မယ်။

အိပ်ချိန်မှန်အောင်ဂရုစိုက်ပါ

ဝိတ်ကျစေဖို့အတွက်က အိပ်ချိန်နဲ့လည်းဆိုင်ပါသေးတယ်။ အိပ်ချိန်မမှန်ရင် အိပ်ရေးပျက်တာတွေများရင်လည်း ဝိတ်တက်ပါတယ်။ ဒါကြောင့် စောစောအိပ်၊ စောစောထပြီး အချိန်သေချာသတ်မှတ်ထားဖို့ လိုပါတယ်။

photo source:www.freepik.com