ကျွန်မတို့ မိန်းကလေးတွေဟာ အသက် ၃၀ ကျော်ရင် ဝိတ်ချဖို့ ခက်ခဲတယ်လို့ ခံယူထားလေ့ရှိပါတယ်။ အသက် ၃၀ ကျော်ဆိုတာ အလုပ်တာဝန်တွေ၊ မိသားစု တာဝန်တွေ၊ လူမှုရေးတာဝန်တွေနဲ့ အလုပ်တွေရှုပ်နေတာမို့ ဝိတ်ချဖို့မဖြစ်နိုင်ဘူးလို့ ယူဆထားတာဟာ တကယ်တော့ မမှန်ပါဘူး။

လေ့လာတွေ့ရှိချက်အရ အသက် ၃၀ ကျော်ရင် ဇီဝဖြစ်စဉ်တိုးတက်မှုနှေးကွေးပြီး အဆီလှောင်ကျွမ်းမှု နှေးကွေးစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သင့်မှာ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကိုသာ သေချာလိုက်လုပ်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချစေဖို့ အကူအညီဖြစ်စေမှာပါ။

၁။ မနက်စာကို ပရိုတင်းဓာတ်များများစားပါ။

သင့်အသက်အရွယ်အရ ဇီဝဖြစ်စဉ် နှေးကွေးနေတာကြောင့် ကြွက်သားတွေ အမြန်ဆုံးတည်ဆောက်ဖို့ ပရိုတင်းဓာတ် များများစားပေးဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်တစ်နေ့တာလုံး အားအင်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်မနက်စာကို ပရိုတင်းဓာတ် များများစားသုံးပေးသင့်ပါတယ်။

၂။ အချိုတွေရှောင်ပါ

ပြုပြင်ထားတဲ့ အချိုတွေ၊ သကြားတွေကို ရှောင်ပေးပါ။ အချိုစားတာဟာ သင့်ကို အဝလွန်စေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

၃။ ပန်းကန်သေးသေးနဲ့စားပါ။

တစ်နေ့ကို အစာအများကြီး ၃ ကြိမ်စားမယ့်အစား နည်းနည်းဆီ ၅ ကြိမ်လောက်စားပေးပါ။

၄။ Cardio လေ့ကျင့်ခန်းလုပ်ပါ

Cardio လေ့ကျင့်ခန်းဟာ သင့်ခန္ဓာကိုယ်က အဆီတွေကို အမြန်ဆုံး လောင်ကျွမ်းစေပြီး အဆီကျစေပါတယ်။

၅။ အရက်မသောက်ပါနဲ့

အသက် ၃၀ ကျော်လို့ ဝိတ်ချချင်တယ်ဆိုရင် အရက်များများသောက်တာကို ရှောင်ပါ။

၆။ ရေများများသောက်ပါ။

တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေဖို့ သာမန်ထက် ရေများများသောက်သင့်ပါတယ်။ အစာမစားခင် ရေသောက်ပေးမယ်ဆိုရင် သင့်ရဲ့ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပြီး သင့်အသားအရေကို စိုပြေစေမှာဖြစ်ပါတယ်။

၇။ Fitness Application

အခုခေတ်မှာ နည်းပညာတွေကလည်း အဆင်မြင့်နေပြီမို့လို့သင့်ဖုန်းထဲမှာ Fitness Application ထည့်ထားလိုက်ပြီး သင့်တစ်နေ့တာလှုပ်ရှားမှုကို မှတ်တမ်းတင်ထားပါ။ တစ်နေ့လုံး ကယ်လိုရီဘယ်လောက် လှောင်ကျွမ်းတယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။

၈။ အာဟာရ မချို့တဲ့စေပါနဲ့

သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စားသုံးရမှာမကြောက်ပါနဲ့။ ဝမှာစိုးလို့ အဆီလုံးဝမစားတာမျိုး မလုပ်ဘဲ ကျန်းမာစေတဲ့ အဆီစားပေးပါ။ ငါးကြီးဆီ၊ ဆယ်လ်မွန်းငါး၊ ထောပတ်သီး စသဖြင့် Omega 3 Fatty Acid ပါဝင်တဲ့ အစားအစာတွေစားပေးမယ်ဆိုရင် ပိုကောင်းပါတယ်။

၉။ မနက်စာမစားဘဲမနေပါနဲ့

မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ မနက်စာမစားဘဲနေမယ်ဆိုရင် အစာအစားချင်စိတ်ပိုဖြစ်စေပြီး စိတ်လည်းမကြည်ပါဘူး။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေကိုပဲ ရွေးချယ်စားသုံးမိတာကြောင့် သင့်ကို ပိုပြီး ဝိတ်တက်စေပါတယ်။

၁၀။ လေ့ကျင့်ခန်းလုပ်ပါ

အသက် ၃၀ ကျော်တဲ့အမျိုးသမီးတွေအတွက် မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်တာ၊ တစ်နေရာသွားရင် လမ်းလျှောက်ပေးတာ၊ ပြေးတာ မျိုးလုပ်ပေးသင့်သလို၊ လေ့ကျင့်ခန်းကိုလည်း အချိန်ယူလုပ်ပေးသင့်ပါတယ်။

၁၁။ ညအိပ်ယာမဝင်ခင် အစာမစားပါနဲ့

ညစာကို အိပ်ယာမဝင်ခင် ၂ နာရီ ၃ နာရီအလိုမှာ စားပေးပါ။ ညစာစားပြီးပြီးချင်း အိပ်ယာဝင်တာမျိုးမလုပ်ပါနဲ့။ ညလယ်စာမစားပါနဲ့။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အရမ်းအရေးကြီးတဲ့အချက်ပါပဲ။

၁၂။ သင့်ခန္ဓာကိုယ်အကြောင်း နားလည်ပါ

လေ့ကျင့်ခန်းလုပ်ရင်း နာကျင်တတ်သလား၊ ခါးနာတတ်သလား ဝေဒနာအခံတစ်ခုခုရှိသလား။ ဒီလိုဆိုရင် သင့်အနေနဲ့ လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။