သက်လတ်ပိုင်း ရောက်လာရင် အဆီလေးတွေတက်ပြီး ဗိုက်ခေါက်ကလေးတွေ ထွက်လာကြတာ များပါတယ်။ များသောအားဖြင့် ဝိတ်တက်လာခြင်းဟာ Lifestyle နဲ့ အစားအသောက်ပုံစံ ပျက်ယွင်းလာခြင်းကြောင့်ပဲ ဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုနည်းပြီး အထိုင်များလာတာ ၊ ညအိပ်ရာဝင်တဲ့အထိ စမတ်ဖုန်းသုံးပြီး အိပ်ရေးပျက်တာတွေ များလာခြင်းအပြင် ကျန်းမာရေးနဲ့ မညီတဲ့အဆီအဆိမ့်တွေ အစားများခြင်းကလည်း ဝိတ်တက်ပြီး ဝလာတတ်ပါတယ်။ ဒီတစ်ခါမှာတော့ အာဟာရနဲ့ကိုယ်အ‌လေးချိန် ပြန်လျှော့ချနိုင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေသွားမှာပါ။

(၁) အသီးအရွက်တိုးစားပါ

Photo: Eat This, Not That

ရိုးရိုးလေးပါ။ အဆီကျချင်ရင် အသီးအရွက်ကို အရင်ထက် တိုးစားပေးပါ။ တစ်နေ့တာ စားသမျှ အစားအသောက်ရဲ့ ထက်ဝက်လောက်က အသီးအရွက်တွေ ဖြစ်ပါစေ။

(၂) မနက်စာကောင်းကောင်းစားပါ

Photo: Sarasota Magazine

အနပ်တိုင်းကတော့ အရေးကြီးပါတယ်။ ဒါပေမယ့် မနက်စာက ပိုလို့တောင် အရေးကြီးပါတယ်။ မနက်စာမှာ ကယ်လိုရီ ၄၀၀ နဲ့ ၅၀၀ အကြား ပါတာမျိုး ဖြစ်သင့်ပါတယ်။ မနက်စာမှာ ကြက်ဥ ၊ အုတ်ဂျုံ ၊ အသီးအနှံနဲ့ အခွံမာအစေ့ဆံတွေ ပါသင့်ပါတယ်။

(၃) ဆားနဲ့ သကြားအစားလျှော့ပါ

Photo: Insider

အငံစားခြင်း ၊ တာရှည်ခံ အသင့်ထုတ်ပိုးပြုပြင်ထားတဲ့ အစားအစာတွေ လျှော့စားပါ။ ဆားအစားများခြင်းဟာ သွေးတိုးခြင်းကအစပြုလို့ သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ သကြားဓါတ်မြင့်တဲ့ မုန့်ပဲသရေစာ နဲ့ အဖျော်ယမကာအားလုံးဟာလည်း ကယ်လိုရီတက်စေပါတယ်။ ဒီတော့ ဝိတ်မတက်အောင် သကြားရှောင်ပါ။

(၄) ကော်ဖီတိုးသောက်ပါ

Photo: Elite Daily

ကော်ဖီမှာ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ Green Tea လိုပဲ ကော်ဖီတွေဟာ ကျန်းမာရေးအကျိူးများသလို ကိုယ်ခန္ဓာအဆီမတက်အောင်ပါ ထိန်းပေးနိုင်ပါတယ်။

(၅) Spicy Food တွေ စားပေးပါ

Photo: Four Kachinas Inn

အစပ်ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပါ။ ငရုတ်ပွတွေမှာ ပါတဲ့ Capsaicin ဒြပ်ပေါင်းဟာ ကယ်လိုရီလောင်ကျွမ်းမှုကို တက်စေတဲ့ Adrenaline ဟော်မုန်းတွေ ထုတ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ နေ့တိုင်း ရေများများ သောက်ပေးဖို့ ၊ ရေဓါတ်မြင့်တဲ့ ဖရဲသီး ၊ နာနတ် ၊ ခရမ်းချဉ် ၊ သခွားသီးတွေ စားပေးဖို့လည်း အကြံပေးချင်ပါတယ်။