ဝိတ်ကျဖို့ဆိုတာ မိန်းကလေးအများစုရဲ့ စိတ်ကူးအိပ်မက် ပန်းတိုင်တစ်ခုပါ။ ကိုယ်ဝတ်ချင်တဲ့ အကျီ၊ ဂါဝန်လေးတွေ ဝတ်နိုင်ဖို့အတွက် စိတ်ကူးထဲက လိုချင်မိတဲ့ ခန္ဓာကိုယ်အချိုးအစားလေးရဖို့ ကြိုးစားရတာလည်း တစ်နေ့တစ်နေ့ အမောပါပဲ။

ဒါပေမယ့် နည်းမှန်လမ်းမှန်အတိုင်း မလုပ်ဘူးဆိုရင်တော့ ဘယ်လောက်ပဲကြိုးစားကြိုးစား ရလဒ်ကောင်းတွေက ဝေးသထက် ဝေးသွားလို့နေပါလိမ့်မယ်။

တတ်နိုင်သမျှ ဟင်းသီးဟင်းရွက် များများစားပေးပါ

ကိုယ်စားနေတဲ့ ထမင်းဟင်းပွဲထဲမှာ ၅၀ ရာခိုင်နှုန်းလောက် အသီးအရွက်တွေပါဝင်နေတယ်ဆိုရင်တော့ ကျန်းကျန်းမာမာနဲ့ ဝိတ်ကျဖို့အတွက် လမ်းကြောင်းမှန်ပေါ် စတက်နေပါပြီ။

မနက်စာ ကောင်းကောင်းစားပါ

အစာစားချိန်တွေအကုန်လုံးက တန်းတူအရေးပါတယ်ဆိုပေမယ့်လည်း တစ်နေကုန် ကောင်းကောင်းလှုပ်ရှားသွားလာနိုင်ဖို့အတွက် မနက်စာကောင်းကောင်းစားဖို့ကတော့ အရေးကြီးဆုံးပါပဲ။ မနက်စာစားတဲ့အခါ ကယ်လိုရီ ၄၀၀ နဲ့ ၅၀၀ ကြားရှိတဲ့ အစားအစာများကို ရွေးချယ်ပေးပြီး ကြက်ဥ၊ အချိုဓာတ်မရှိတဲ့ Greek yogurt ၊ အစေ့အဆန်များ၊ အသီးအရွက်များ စသည်တို့ကို ထည့်သွင်းစားသုံးပေးပါ။

ဆေးသကြားပါတဲ့ အချိုရည်များကို ရှောင်ရှားပါ

ဖျော်ရည်၊ ဆိုဒါ၊ အချိုဓာတ်ပါတဲ့ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ အရက်သေစာများကို တတ်နိုင်သမျှ လျှော့ချပါ။ ဒီဖျော်ရည်များကို နေ့လည်ခင်းမှာသောက်သုံးမယ်ဆိုရင် အနည်းဆုံး ကယ်လိုရီအပို ၈၀၀ လောက်ကို သုံးစွဲမိသလိုဖြစ်စေပြီး ဗိုက်ထပ်ဆာနေအုံးပါလိမ့်မယ်။

အပူအစပ်များစားပါ

အပူအစပ်အစားအစာများမှာ capsaicin ပါဝင်တာကြောင့် ကိုယ်တွင်းက adrenaline ထုတ်လုပ်မှုတွေကို တိုးတက်စေကာ ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်နှုန်းကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် အပူအစပ်အစားအစာများက အစားစားတဲ့အခါ ပုံမှန်နှုန်းထားထက် နှေးနှေးစားသုံးစေကာ လွန်လွန်ကျူးကျူး စားသုံးခြင်းမှလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

စောစောအိပ်ပါ

တစ်ညလျှင် ၇ နာရီအိပ်စက်ခြင်းက အစာခြေဖျက်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် ညမိုးချုပ်တဲ့အထိ မအိပ်ဘဲနေခြင်းက ညသန်းခေါင်တွေမှာ သရေစာတွေကို လျှောက်စားချင်စိတ်ကိုဖြစ်ပေါ်စေနိုင်လို့ စောစောအိပ်ပြီး ဝိတ်ချရအောင်ပါ။

လမ်းလျှောက်ပါ

ဘယ်အချိန်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာက သင့်အတွက်ကောင်းတယ်ဆိုပေမယ့်လည်း တစ်နေ့တာကုန်ခါနီးရင် လူအများစုရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကလည်း နှေးကွေးလာတာကြောင့် ညနေခင်းအချိန်က ပိုပြီးအားသာပါတယ်။ ညစာမစားခင် မိနစ် ၃၀ လောက် လမ်းလျှောက်ပေးပါ။

အစာမစားဘဲ မနေပါနဲ့

အစာမစားဘဲနေတာက ဝိတ်မြန်မြန်ကျစေတယ်ဆိုတာ တကယ်မဟုတ်ပါဘူး။ သင့်ရဲ့တစ်နေ့တာက အင်မတန်အလုပ်တွေရှုပ်နေလို့ သေချာထိုင်ပြီး အစားစားဖို့တွက် မဖြစ်နိုင်ဘူးဆိုရင် အသီးအနှံတွေပဲဖြစ်ဖြစ် ကယ်လိုရီမပါတဲ့သရေစာလေးတွေပဲဖြစ်ဖြစ် အနားမှာထားထားပြီး စားပေးပါ။