ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ ကျန်းမာရေး အဆိုတစ်ခုရှိပါတယ်။ ပန်းသီးနဲ့ ဝိတ်ချတာဟာ အခြားဝိတ်ချနည်းတွေထက် သဘာဝကျပြီး စိတ်ချရတဲ့ နည်းတစ်နည်းလည်း ဖြစ်တာကြောင့် မျှဝေပေးလိုက်ပါရတယ်။

ပန်းသီးဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခံအားကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ကင်ဆာအတွက် ကောင်းမွန်ပြီး ကိုယ်တွင်းအဆီတွေကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။

ဗီတာမင်အေ၊ ဘီ၊ စီ တို့ ပါဝင်ပြီး သဘာ၀ အက်ဆစ်ဒြပ်ပေါင်းတွေဟာ လူကိုအကျိုးပြုစေပြီး ပန်းသီး ၂၅ဂရမ် နေ့တိုင်းစားပေးရင် 0.66 ပေါင် ကျစေတယ်လို့ ဆိုပါတယ်။

apple diet for 7days

Diet Plan

ဒီနည်းဟာ ပန်းသီးကို အခြေခံထားတဲ့ အတွက် ပန်းသီးတော့ အဓိက ဝယ်ထားရပါမယ်။ သကြားနဲ့ အငန် စားလို့ မရပါဘူး။ ရေနဲ့ Green Tea ပဲသောက်လို့ ရပါမယ်။ ရေကတော့ အနည်းဆုံး ၄လီတာ သောက်ရပါမယ်။

Day 1-3

ပထမ ၃ရက်မှာတော့

  • မနက်စာ – ပန်းသီး၂လုံးနဲ့ ကြက်ဥပြုတ် တစ်လုံး
  • နေ့လည်စာ – ပန်းသီး ၂လုံးနဲ့ ကြက်ဥပြုတ်တစ်လုံး
  • ညစာ – ကြက်ဥပြုတ် တစ်လုံး

almonds

Day 4-7

နောက် ၄ ရက်မှာတော့

  • မနက်စာ – ပန်းသီး၂လုံးနဲ့ ကြက်ဥပြုတ် ၁လုံး
  • နေ့လည်စာ – ပန်းသီး၂လုံး၊ ကြက်ဥပြုတ် ၁လုံး၊ Almond (မက်မွန်စေ့)လက်တစ်ဆုပ်စာ ..(City Mart နဲ့ အခြား Mart တွေမှာ အထုပ်နဲ့ရောဘူးနဲ့ပါရှိပါတယ်)
  • ညစာ – ကြက်ဥပြုတ် တစ်လုံး

ဗိုက်ဆာတဲ့ အချိန်တိုင်း ပန်းသီးစားပြီး ရေသောက်ပေးလို့ ရပါတယ်။ အခြား ဘာမှ မစားရပါဘူး။ တစ်ပတ်လုံး ဒီအတိုင်းပဲ စားရမှာဖြစ်လို့ လွယ်ကူပါတယ်။

သတိပြုရန် – ပန်းသီးစားတဲ့ အခါ အခွံပါ စားပေးဖို့ လိုပါတယ်။ အခွံပါ စားရတဲ့ အတွက် ပန်းသီးတွေကို ရေသေချာ ဆေးကြောပြီးမှ စားပါ။ လိုအပ်ရင်
ဆားရေနဲ့ ဆေးပါ။

ကဲ ဒီနေ့ပဲ စမ်းကြည့်လိုက်ကြရအောင်နော်။